ထရီပိုလီ ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) လစ်ဗျားနိုင်ငံ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ တိုက်ဖျက်ရေးဌာနက လစ်ဗျားနိုင်ငံသားတရားမဝင် ရွှေ့ပြောင်းဝင်ရောက်လာသူ ၁၄၅ ဦးကို လစ်ဗျားနိုင်ငံမှ ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း သြဂုတ် ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
မော်စကို ၊ သြဂုတ် ၈ ရက် (ဆင်ဟွာ) ရုရှား နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန က ရုရှား နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ နှင့် နိုင်ငံတော် အဆင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု ကို ဆက်လက်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း သြဂုတ်လ ၇...
တီဟီရန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ) သြဂုတ် ၇ ရက် ညနေပိုင်းက တီဟီရန်မြို့လယ်ရှိ အီရန်နိုင်ငံ၏ အမျိုးသားအိုလံပစ်အကယ်ဒမီ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ကြောင်း အစိုးရတစ်ပိုင်း ISNA သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။
အော့တဝါ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံနှင့် သံတမန်ဆက်ဆံရေးအခြေအနေ ဆိုးဝါးနေသော်လည်း ကနေဒါနိုင်ငံ အနေဖြင့် ရပ်တည်ချက်များကို ပြောင်းလဲမည်မဟုတ်ဟု ကနေဒါ နိုင်ငံခြားရေးဝန်ကြီး Chrystia Freeland က သြဂုတ် ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) အီရန်နိုင်ငံ၏ ဘဏ္ဍာရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍများတွင် အမေရိကန်နိုင်ငံက အရေးယူပိတ်ဆို့မှုများစွာ သြဂုတ်လ ၇ ရက်တွင် ပြန်လည် ပြုလုပ်မည်ဖြစ်ကြောင်း အိမ်ဖြူတော်က သြဂုတ်လ ၆ ရက်တွင် ကြေညာလိုက်သည်။
ရောမ ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အီတလီနိုင်ငံ ရောမမြို့ အရှေ့တောင်ဘက် ၂၆၀ ကီလိုမီတာအကွာရှိ Foggia ဒေသတွင် သြဂုတ် ၆ ရက်က ယာဉ် မတော်တဆဖြစ်မှုကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်နှင့် ကယ်ဆယ်ရေးဌာနက...
အဒစ်အဘာဘာ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) အီသီယိုးပီးယားနိုင်ငံ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် Dire Dawa တွင် လွန်ခဲ့သော ရက်သတ္တတစ်ပတ် အကုန် ရက်များအတွင်း အဓိကရုဏ်းဖြစ်ပွားမှုကြောင့် လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သြဂုတ် ၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ပါရီ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ အလယ်ပိုင်း Mazoires မြို့ တွင် သြဂုတ် ၆ ရက် က ခရီးသွားလာရေးဆိုင်ရာ လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ ကလေးငယ်တစ်ဦး အပါအဝင် လူ ၃ဦးသေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းစာတစ်ခုကဖော်ပြခဲ့သည်။
ရီယာ့ဒ်၊ သြဂုတ် ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Najran မြို့ဘက်ဆီသို့ ဦးတည်၍ ပစ်ခတ်လိုက်သော ဟူသီစစ်သွေးကြွတို့၏ ဒုံးကျည်တစ်စင်းအား ဆော်ဒီလေတပ် က ကြားဖြတ်ပစ်ချခဲ့ကြောင်း Al Arabiya သတင်း၌ဖော်ပြခဲ့သည်။
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ဟောလီးဝုဒ်ရုပ်ရှင်မင်းသားကြီး စတီဗင်ဆေးဂဲလ်(Steven Seagal) အား ရုရှား-အမေရိကန် နှစ်နိုင်ငံ လူသားချင်းစာနာမှုဆက်ဆံရေး ၊ ဘုံယဉ်ကျေးမှု နှင့် သမိုင်းဝင်အမွေအနှစ် ဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သြဂုတ် ၆ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။