Connect with us

Asia

အီရန်နိုင်ငံ၏ အမျိုးသားအိုလံပစ် အကယ်ဒမီ မီးလောင်မှုဖြစ်ပွား

အီရန်နိုင်ငံ အမျိုးသားအိုလံပစ်အကယ်ဒမီ မီးလောင်နေသည်ကို ကြည့်ရှု နေသူတစ်ဦးအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

တီဟီရန် ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

သြဂုတ် ၇ ရက် ညနေပိုင်းက တီဟီရန်မြို့လယ်ရှိ အီရန်နိုင်ငံ၏ အမျိုးသားအိုလံပစ်အကယ်ဒမီ၌ ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ကြောင်း အစိုးရတစ်ပိုင်း ISNA သတင်းအေဂျင်စီက သတင်းဖော်ပြခဲ့သည်။

သေဆုံးသူ သုံးဦးမှာ ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် အိုလံပစ်အကယ်ဒမီအဆောက်အအုံအတွင်း ပိတ်မိနေကြသူများဖြစ်ကြောင်း သိရသည်။ပေါက်ကွဲမှုသည် တီဟီရန်မြို့မြောက်ပိုင်းတွင်တည်ရှိသည့် Seoul လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ သတင်းထုတ်ဖော်မှုများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)