ကုလသမဂ္ဂ ၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်(သစ်) အန်တိုနီယိုဂူတာရက်စ် နှင့် နိုင်ငံတကာပြစ်မှုဆိုင်ရာရဲတပ်ဖွဲ ့(အင်တာပိုလ်) ဥက္ကဋ္ဌ မန်ဟောင်ဝေ (Meng Hongwei) တို့သည် ဒီဇင်ဘာလ ၂၁ ရက်က ကမ္ဘာ့လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်းများနှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဟနွိုင်း၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံ၏ ပထမဆုံး နက္ခတ်တာရာကြည့် မျှော်စင်အား Khanh Hoa ပြည်နယ်တွင် ၂၀၁၇ ခုနှစ် မတ်လအတွင်း ဖွင့်လှစ်မည် ဖြစ်ကြောင်း ဗီယက်နမ် အမျိုးသား ဂြိုဟ်တု စင်တာ (VNSC) က ဒီဇင်ဘာလ ၂၁ ရက်က...
နယူးဒေလီ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်ရှိ နာမည်ကြီး ဟိုတယ် တစ်ခုအတွင်း ဒီဇင်ဘာလ ၂၁ ရက်က မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၆ ဦးသေဆုံးခဲ့ပြီး လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြောင်း အဆင့်မြင့် ရဲအရာရှိ တစ်ဦးက...
ဂျာကာတာ၊ ဒီဇင်ာဘ ၂၁ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ရဲတပ်ဖွဲ့သည် ဂျကာတာမြို့စွန်တွင် ဒီဇင်ဘာလ ၂၁ ရက်က သံသယရှိ အကြမ်းဖက်သမား ၃ ဦးအား အသေပစ်ခတ် ဖမ်းဆီးခဲ့ကြောင်း၊ အခြားသူ တစ်ဦးကိုလည်း ဖမ်းမိထားကြောင်း နှင့် အပြန်အလှန် ပစ်ခတ်မှုအတွင်း ပေါက်ကွဲခါနီး...
ဒူဘိုင်း၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ရှေးဦးအာရပ် တို့၏ သိမ်းငှက်ဖြင့် အမဲလိုက်သည့် ရိုးရာဓလေ့များ၊ စည်းမျဉ်းများ နှင့် ကျင့်ဝတ်များကို သင်ကြားပေးမည့် ကမ္ဘာ့ပထမဆုံး သင်တန်းအား ဒီဇင်ဘာ ၂၀ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ယူအေအီးနိုင်ငံပိုင် သတင်းဋ္ဌာန WAM က ဖော်ပြခဲ့သည်။
လီမာ၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) ပီရူးနိုင်ငံ Andes တောင်တန်းများ အနီးတွင် ဒီဇင်ဘာ ၂၀ရက် နံနက်ပိုင်း က ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား မတော်တဆမှုကြောင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်း ၁၂ဦးသေဆုံးကြောင်း ပီရူးနိုင်ငံ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။
ဂျေရုဆလင်၊ ဒီဇင်ဘာ ၂၁ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ ပါလီမန် က အစ္စရေးအကျဉ်းထောင်များတွင် လုံခြုံရေးဆိုင်ရာပြစ်မှုဖြင့် ထိန်းသိမ်းခံထားရသည့် ပါလက်စတိုင်းအကျဉ်းသားများထံသို့ လွှတ်တော်အမတ်များလာရောက်တွေ့ဆုံခြင်းကို ဒီဇင်ဘာ ၂၀ရက်က တားမြစ်ခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ) ၂ဝ၁၆ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းလုံး၌ သတင်းသမားပေါင်း ၄၈ ဦးအသတ်ခံခဲ့ရပြီး ဆီးရီးယားနိုင်ငံသည် ကမ္ဘာ့သတင်းသမားသေဆုံးမှုနှုန်း အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် ၅ နှစ်မြောက် ဆက်လက်ရပ်တည် ခဲ့ကြောင်း သိရသည်။
ဘာလင် ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ခရစ်စမတ်ဈေးပွဲတော်အား ဒီဇင်ဘာလ ၁၉ ရက် နံနက်ပိုင်းက တိုက်ခိုက်ခဲ့သည် လုပ်ရပ်မှာ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း အိုင်အက်စ်(IS) အကြမ်းဖက်အဖွဲ့က ဒီဇင်ဘာလ ၂ဝ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၂၁ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ဒီဇင်ဘာလ ၂ဝ ရက်က မီးရှူးမီးပန်း ရောင်းချသော ဈေးကြီး ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ လူပေါင်း ၂၆ ဦး သေဆုံးခဲ့ရကြောင်း မက္ကဆီကိုနိုင်ငံ ရှေ့နေချုပ် Alejandro Gomez က ဆိုသည်။