Connect with us

Africa & Middle East

ဆီးရီးယား နိုင်ငံ တောင်ပိုင်း တွင် ဖြစ်ပွား ခဲ့သည့် တိုက်ခိုက်မှု ကြောင့် သေဆုံးသူပေါင်း ၂၁၅ ဦး အထိ ရောက်ရှိလာ

ဆီးရီးယား နိုင်ငံ မြို့တော် တွင် လုံခြုံရေး တပ်ဖွဲ့ဝင် များ လုံခြုံရေး ဆောင်ရွက်နေသည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒမတ်စကတ်စ် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

ဆီးရီးယား နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ဇူလိုင်လ ၂၅ ရက် တွင် ဆီးရီးယား နိုင်ငံ တောင်ပိုင်း As-Suwayda ပြည်နယ် နေရာအများအပြား တွင် IS အစွန်းရောက် အဖွဲ့အစည်း ၏ တိုက်ခိုက်မှု ကို ခံခဲ့ရပြီး သေဆုံးသူပေါင်း ၂၁၅ ဦး အထိ ရှိလာကာ လူပေါင်း ၁၈၀ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

As-Suwayda ပြည်နယ် ကျန်းမာရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က IS အစွန်းရောက် အဖွဲ့အစည်း က ဇူလိုင်လ ၂၅ ရက် ၌ ပြည်နယ် အတွင်းရှိ ရွာများတွင် အကြမ်းဖက် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ၊ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူများ အနက် အချို့ မှာ ဒဏ်ရာ လွန်စွာ ပြင်းထန်ကြောင်း ပြောကြား ခဲ့သည်။

တိုက်ခိုက်မှုအား ကြုံတွေ့ ခဲ့သူ တစ်ဦး ၏ ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ အစွန်းရောက် အဖွဲ့အစည်း က ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်း အချိန်တွင် As-Suwayda မြို့ လူစည်ကားသည့် ဈေးတစ်ခု တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဆောင်ရွက် ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် ကုန်သည် နှင့် သွားလူ အများအပြား သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား စေခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ ပိုင် သတင်းဌာန ၏ ဖော်ပြချက်အရ အသေခံ ဗုံးဖောက်ခွဲသူ တစ်ဦး က As-Suwayda မြို့ လူ စည်ကားသည့် နေရာ တစ်ခု တွင် ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ၊ ယင်းနေရာတွင် အခြား အသေခံ ဗုံးဖောက်ခွဲရန် ကြံစည် သူ ၂ နှစ်ဦး အား ရဲ တပ်ဖွဲ့ မှ ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း ၊ နာရီ အနည်းငယ် အကြာ တွင် As-Suwayda မြို့ အခြား ဒေသ တစ်ခု တွင် အသေခံ ဗုံးခွဲ တိုက်ခိုက်မှု ထပ်မံ ဖြစ်ပွား ခဲ့ကြောင်း ၊ ထို့ပြင် တစ်ချိန်တည်းတွင် IS အစွန်းရောက် အဖွဲ့အစည်း က As-Suwayda ပြည်နယ် အရှေ့ပိုင်း နှင့် မြောက်ပိုင်း ရွာအများ တွင် တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ပြီး ဆီးရီးယား အစိုးရ တပ်ဖွဲ့ က တိုက်ထုတ် နိုင်ခဲ့ကာ အစွန်းရောက် အဖွဲ့ဝင် များစွာ အား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ကြောင်း သိရှိရသည်။

ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ အနေဖြင့် ဇွန်လ ၁၉ ရက် မှ စတင်၍ ဆီးရီးယား နိုင်ငံ တောင်ပိုင်းဒေသ ရှိ အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်မှုများ ဆောင်ရွက်ကာ နယ်မြေများ ပြန်လည် သိမ်းပိုက် နိုင်ခဲ့သည်။ ထို့နောက် တွင် ဆက်လက်၍ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့ က IS အစွန်းရောက် အဖွဲ့အစည်း အား တိုက်ခိုက်မှုများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.