Connect with us

Africa & Middle East

BRICS အဖွဲ့ဝင်များအနေဖြင့် နိုင်ငံပေါင်းစုံချစ်ကြည်ရေးကို ထောက်ပံ့ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို တိုးတက်အောင်ဆောင်ရွက်ရန် သမ္မတရှီ တိုက်တွန်း

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် BRICS ထိပ်သီးအစည်းအဝေး ၏ စီးပွားရေးဖိုရမ်တစ်ခု၌ ဇူလိုင် ၂၅ ရက် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က BRICS အဖွဲ့ဝင်များအနေဖြင့် နိုင်ငံပေါင်းစုံချစ်ကြည်ရေးကို ထောက်ပံ့ပြီး ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်ကို တိုးတက်အောင်ဆောင်ရွက်ရန် ဇူလိုင် ၂၅ ရက်က တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ရှီက အဖွဲ့ဝင်အားလုံးအနေဖြင့် စုပေါင်း ချမှတ်ထားသည့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို ပါတီအားလုံးက အပြည့်အဝလေ့လာရန် တိုက်တွန်းသင့်ကြောင်း နှင့် နိုင်ငံအရွယ်အစားကို ခွဲခြားခြင်းမပြုဘဲ နိုင်ငံအားလုံးအား တန်းတူဆက်ဆံသင့်ကြောင်း ဇူလိုင် ၂၅ မှ ၂၇ ရက် အထိ ပြုလုပ်သည့် ၁၀ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ၏ စီးပွားရေးဖိုရမ်တစ်ခု၌ မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

၎င်းက BRICS အဖွဲ့ဝင်နိုင်ငံများသည် ဘုံဖြစ်သော၊ ပြီးပြည့်စုံသော၊ ညှိနှိုင်းဆောင်ရွက်မှုရှိသော၊ ရေရှည်တည်တံ့သော လုံခြုံရေးစနစ်ကို မြှင့်တင့်ပြီး ပထဝီနိုင်ငံရေးဆိုင်ရာ အရေးကိစ္စရပ်များအား ဖြေရှင်းရာတွင် ကြားဝင်ညှိနှိုင်းပေးမှုများ၌ တက်ကြွစွာပါဝင်လုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ငံပေါင်းစုံကုန်သွယ်ရေးစနစ်အား ခိုင်မာစွာ ထောက်ပံ့ခြင်း၊ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးအုပ်ချုပ်မှုစနစ် ပြုပြင်ပြောင်းလဲမှုအား အဆင့်မြှင့်တင်ခြင်း၊ ဈေးကွက်ပေါ်ထွန်းစနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ အသံ နှင့် ကိုယ်စားပြုမှုများ ကို တိုးတက်အောင် ဆောင်ရွက်ခြင်းသည် BRICS အဖွဲ့ဝင်နိုင်ငံများအတွက် အရေးကြီးကြောင်း ရှီကပြောကြားခဲ့သည်။

ရှီက တီထွင်ဆန်းသစ်မှု၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ ဉာဏမူပိုင်ခွင့်ကာကွယ်မှု အစရှိသည့် ကိစ္စရပ်များ၌ စည်းမျဉ်းစည်းကမ်းအသစ်များ ချမှတ်ရာတွင် ဈေးကွက်ပေါ်ထွန်းစနိုင်ငံများ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ၏ သဘောထားအမြင်ကို သေချာစွာလိုက်နာပြီး ၎င်းတို့၏ အကျိုးစီးပွား နှင့် လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း နှင့် ယင်းလုပ်ဆောင်ချက်များတွင် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လုံလောက်သော အခွင့်အလမ်းများ ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.