Connect with us

Europe

မီဒီယာစိန်ခေါ်မှုများအကြား ဆင်ဟွာသတင်းဌာနက AP ၊ PA သတင်းဌာနများနှင့်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

ဆင်ဟွာသတင်းဌာနဥက္ကဋ္ဌ ချိုင့်မင်ကျောက်(ယာ)နှင့် ပီအေ(PA) သတင်းဌာန အမှုဆောင်အရာရှိချုပ် Clive Marshall (ဝဲ) တို့ လက်ဆွဲနှုတ်ဆက်စဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဆင်ဟွာသတင်းဌာန ဥက္ကဋ္ဌ ချိုင့်မင်ကျောက် (Mr. Cai Mingzhao) သည် AP သတင်းဌာနဥက္ကဋ္ဌ Gary Pruitt နှင့် PA သတင်းဌာနအမှုဆောင်အရာရှိချုပ် Clive Marshall တို့အားတွေ့ဆုံပြီး မီဒီယာစိန်ခေါ်မှုများကြုံတွေ့နေရစဉ်အတွင်း ပူးပေါင်းဆောင်ရွက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

AP သတင်းဌာန ရုံးချုပ် တည်ရှိရာ လန်ဒန်မြို့၌ Pruitt နှင့်တွေ့ဆုံဆွေးနွေးစဉ် ချိုင့်မင်ကျောက်က ဆင်ဟွာ နှင့် AP သတင်းဌာနတို့အပါအဝင် ကမ္ဘာ့မီဒီယာအဖွဲ့အစည်းများ၌ မီဒီယာအခင်းအကျင်းပုံစံပြောင်းလဲမှုများနှင့်အတူ အသုံးပြုသူများ၏ တောင်းဆိုချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ရန် မီဒီယာပုံစံသစ်နှင့် လူသားအစားထိုးအသိဉာဏ်ကဲ့သို့နည်းပညာများကို တီထွင်ဆန်းသစ်ရန် နှင့် အပြည့်အဝ အားပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးအနေဖြင့် တစ်ဦးထံမှ တစ်ဦးလေ့လာသင်ယူခြင်း နှင့် အတွေ့အကြုံဖလှယ်ခြင်းကို ဆောင်ရွက်နိုင်ရန်မျှော်လင့်ကြောင်း ချိုင့်က ဆိုသည်။

လွန်ခဲ့သော နှစ်များအတွင်း မီဒီယာပုံစံပြောင်းလဲလာမှုတွင် ဆင်ဟွာ၏ တီထွင်ဆန်းသစ်မှု ကြိုးပမ်းအားထုတ်ချက်များကို Pruitt က မီးမောင်းထိုးပြောကြားခဲ့သည်။ ၎င်းအား AP သတင်းဌာန၏ မီဒီယာဖွံ့ဖြိုးတိုးတက်လာမှု ၊ အထူးသဖြင့် ဗီဒီယို ပိုင်းဆိုင်ရာတိုးတက်မှုအကြောင်းကို ချိုင့်အားရှင်းလင်းပြောကြားခဲ့သည်။ မီဒီယာကဏ္ဍအနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဆင်ဟွာနှင့်အတူ ဆွေးနွေးမှုများ လုပ်ဆောင်သွားရန် AP သတင်းဌာနက မျှော်လင့်ကြောင်း ၎င်းက ဆိုသည်။

ဆင်ဟွာသတင်းဌာနဥက္ကဋ္ဌ ချိုင့်မင်ကျောက်(ယာ) နှင့် အေပီ ( AP ) သတင်းဌာန ဥက္ကဋ္ဌ Gary Pruitt တို့လက်ဆွဲနှုတ်ဆက်စဉ် (ဆင်ဟွာ)

ချိုင့်သည် ဇူလိုင်လ ၂ဝ ရက်က UK အမျိုးသားသတင်းအေဂျင်စီ PA သတင်းဌာနအမှုဆောင်အရာရှိချုပ် Marshall နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းသို့တွေ့ဆုံစဉ် ချိုင့်က Marshall အား PA သတင်းဌာန တည်ထောင်ခြင်း နှစ် ၁၅ဝ ပြည့် အတွက် ချီးကျူးဂုဏ်ပြုကြောင်း နှင့် ဆင်ဟွာ၏ သတင်းတင်ဆက်ပုံတိုးတက်လာခြင်းအပိုင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သမားရိုးကျမီဒီယာပုံစံသည် စိန်ခေါ်မှုအသစ်များဖြင့် ကြုံတွေ့နေရပြီး ခေတ်သစ်ကိုထိုးဖောက်ဝင်ရောက်ရန် ဆင်ဟွာသတင်းဌာနအနေဖြင့် ကြီးမားသောကြိုးပမ်းအားထုတ်မှုကို လုပ်ဆောင်လျက်ရှိကြောင်း ချိုင့်က ပြောကြားခဲ့ပြီး သုံးစွဲသူများ၏ မြင့်မာလာနေသော တောင်းဆိုချက်များကို ကျေနပ်မှုပေးနိုင်ရန် မီဒီယာထုတ်လုပ်မှုပုံစံအသစ်များ နှင့် အသစ်သစ်သော စွမ်းဆောင်ရည်ပြည့်ဝသည့် မီဒီယာသမားများကို ဆင်ဟွာက တက်တက်ကြွကြွလေ့ကျင့်မွေးထုတ်ပေးနေကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ဆင်ဟွာအနေဖြင့် သတင်းတင်ဆက်မှုအပါအဝင် နယ်ပယ်ကဏ္ဍစုံတွင် PA သတင်းဌာနနှင့်အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားရန် အသင့်ရှိကြောင်း ချိုင့်ကဆိုသည်။

ချိုင့်မင်ကျောက်၏ ချီးကျူးဂုဏ်ပြုမှုအတွက် Marshall ကကျေးဇူးတင်စကားဆိုခဲ့သည်။၎င်းက PA သတင်းဌာနအနေဖြင့် ခေတ်သစ်မီဒီယာတွင် စိန်ခေါ်မှုများကို ပူးတွဲကိုင်တွယ်ဖြေရှင်းသွားရန် ကဏ္ဍနယ်ပယ်စုံ၌ ဆင်ဟွာသတင်းဌာနနှင့်အတူ ပူပေါင်းဆောင်ရွက်ခြင်း နှင့် အပြန်အလှန်ဖလှယ်ခြင်းကို တွန်းအားပေးသွားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေးသို့PA သတင်းဌာန ဥက္ကဋ္ဌ Murdoch MacLennan လည်း တက်ရောက်ခဲ့ကြောင်း သိရသည်။

၁၈၆၈ ခုနှစ်တွင် တည်ထောင်ခဲ့သော PA သတင်းဌာနသည် တစ်ရက် ၂၄ နာရီ ၊ ခုနှစ်ရက် တစ်ပတ်လုံး မရပ်မနားဖြင့် စာ ၊ ဓာတ်ပုံများ ၊ ဗီဒီယို နှင့် အချက်အလက်များကို ဗြိတိန်နိုင်ငံရှိ သတင်းခန်းမှ တဆင့် တစ်ကမ္ဘာလုံးသို့တင်ဆက်ပေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.