Connect with us

Africa & Middle East

BRICS အဖွဲ့ဝင်နိုင်ငံများအား တီထွင်ဆန်းသစ်မှုနောက်သို့လိုက်ကာ၊ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို ဖမ်းဆုပ်ရန် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ပြောကြား

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ပြုလုပ်သော BRICS စီးပွားရေးဖိုရမ်၌ မိန့်ခွန်းပြောကြားနေသည့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျိုဟန်နက်စ်ဘာ့ဂ်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

BRICS အဖွဲ့ဝင်နိုင်ငံများအား အခွင့်အလမ်းများကို အရအမိယူနိုင်ရန်၊ တီထွင်ဆန်းသစ်မှုတွင် တိုးမြှင့်ဖြည့်ဆည်းရန်နှင့် တိုးတက်မှုဧရိယာသစ် ဖန်တီးရာတွင် အလေးထားရန် တရုတ်နို်င်ငံ သမ္မတ ရှီကျင့်ဖိန်က ဇူလိုင်လ ၂၅ ရက်တွင် ပြောကြားလိုက်သည်။

သိပ္ပံနှင့် နည်းပညာဆိုင်ရာ တော်လှန်ရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အသွင်ကူးပြောင်းခြင်း လုပ်ငန်းစဉ်သစ်ဖွင့်လှစ်ရာတွင် အရာဝတ္ထုသစ်များ ဧကန်အမှန်ပေါ်ထွက်လာကာ အဟောင်းများနေရာတွင် အစားထိုးလာမည် ဖြစ်ကြောင်း တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့ဂ်မြို့တွင် ပြုလုပ်သော BRICS စီးပွားရေးဖိုရမ်၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် တိုးတက်မှုနယ်မြေသစ်များကို ဖန်တီးမှုအပေါ် အလေးထားသင့်ကြောင်းနှင့် အဟောင်းများနေရာတွင် အသစ်ဖြင့် အစားထိုးသင့်ကြောင်း ရှီက ဆိုသည်။

ထို့ပြင် BRICS အဖွဲ့ဝင်နိုင်ငံများအား ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှု တိုးမြှင့်ရေး၊ အဖွဲ့အစည်းဆိုင်ရာ အတားအဆီး အားလုံး ဖယ်ရှားရေး၊ တီထွင်ဆန်းသစ်မှု အလားအလာကို အပြည့်အဝဖောက်ထွက်ရေးနှင့် ဈေးကွက် ဖော်ဆောင်ရန် ရှီက တိုက်တွန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.