Connect with us

North America

အမေရိကန်တွင် ယာဉ်မတော်တဆမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံး၊ အခြားကလေးငယ် ဒဏ်ရာရရှိ

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ယာဉ်မတော်တဆမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ တွင် ဇူလိုင် ၂၅ ရက် ကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုကြောင့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး အခြားကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

မီနီဗင်တစ်စီးသည် လမ်းဘေးလျှောက်လမ်းတွင် ကလေးတွန်းလှည်းတွန်းလာသော အမျိုးသမီးတစ်ဦးကို ဝင်တိုက်ခဲ့ပြီးနောက် အသက် ၃နှစ်အရွယ် ယောကျာ်းလေးတစ်ဦး သေဆုံးခဲ့ပြီး အသက်၄နှစ်အရွယ် မိန်းကလေးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘော်စတွန်ရဲတပ်ဖွဲ့ ရဲမင်းကြီး William Evans ကပြောကြားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော မိန်းကလေးအား ပြည်တွင်းဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သိရသည်။

Evans က ကလေးထိန်းဟု ယူဆရသော အဆိုပါ အမျိုးသမီး တွင် ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မီနီဗင်သည် လမ်းသွားလမ်းလာများ မတိုက်မိခင်အခြားကားတစ်စီးအား ဝင်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.