ရန်ကုန်၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ နှင့် တန်ဂျွန်ပီနန် တို့တွင် လူကုန်ကူးခြင်း ခံရသည့် မြန်မာနိုင်ငံသား ရေလုပ်သား ၁၁ ဦးကို မြန်မာသံရုံး၊ ဂျကာတာမြို့၏ စီစဉ်ဆောင်ရွက်မှုအရ International Organization for Migration (IOM) မှစရိတ်ကျခံလျက် မြန်မာနိုင်ငံသို့...
ဆိုးလ် ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) မြောက်ကိုးရီးယားနိုင်ငံ၌ ပြင်းအား ၅.ဝ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ခြင်းမှာ ၎င်းတို့၏ ၅ ကြိမ်မြောက် နျူကလီးယားဗုံးတစ်လုံး စမ်းသပ်ဖောက်ခွဲမှုဖြစ်နိုင်ကြောင်း ယုန်ဟက်(Yonhap) သတင်းဌာနက စက်တင်ဘာလ ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဆန်ဖရန်စစ္စကို၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ရေစိုဒဏ်ခံနိုင်သော၊ ကင်မရာ နှစ်လုံးပါသော၊ စတီရီယို စပီကာများနှင့် ကြိုးမဲ့ နားကြပ် စနစ်များ ပါဝင်သည့် iPhone 7 အား Apple ကုမ္ပဏီက စက်တင်ဘာလ ၇ ရက်က ကြေညာ မိတ်ဆက်ခဲ့သည်။
အာဖဂန်နစ္စတန်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ တောင်ပိုင်း Uruzgan ပြည်နယ်မြို့တော် Trinkot မြို့အတွင်းသို့ စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက တာလီဘန် စစ်သွေးကြွများ ဝင်ရောက်လာခဲ့ပြီး အစိုးရတပ်ဖွဲ့များ နှင့် အပြန်အလှန်ပစ်ခတ်မှုများ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း ပြည်နယ်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ပြောရေးဆိုခွင့်ရှိသူ Dost...
လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၈ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲတွင် စတိုးဆိုင်တစ်ခု၌ ဓားပြ အတိုက်ခံရကြောင်း လိမ်လည်ထွက်ဆိုခဲ့သည့် အမေရိကန်ရေကူးအားကစားသမား Ryan Lochte အား ပွဲပယ်ပြစ်ဒဏ် ၁ဝ လ ချမှတ်လိုက်ကြောင်း စက်တင်ဘာလ ၇ ရက် သတင်းအရ သိရသည်။
မော်စကို ၊ စက်တင်ဘာ ၉ ရက် (ဆင်ဟွာ) “ Army 2016 ” နိုင်ငံတကာ စစ်လက်နက်နည်းပညာ ပြပွဲတွင် ရုရှား ရူဘယ်ငွေ ၁၃ဝ ဘီလီယံ ( အမေရိကန်ဒေါ်လာ ၂.၀၃ဘီလီယံ) တန်ဖိုးရှိ ကာလရှည် အရောင်းအဝယ် စာချုပ် ၁၇ ခုကို...
မော်စကို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ Kamchatka ကျွန်းဆွယ်ရှိ Klyuchevskoy မီးတောင်မှ ပြာမှုန်များကို စက်တင်ဘာလ ၇ ရက်က နှစ်ကြိမ် မှုတ်ထုတ်ခဲ့ကြောင်း ရုရှား သတင်း အေဂျင်စီ TASS က သတင်းတင်ပြထားသည်။
ဖနွမ်းပင် ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း Siem Reap ပြည်နယ်ရှိ Siem Reap မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီအစဉ်တစ်ရပ်အနေဖြင့် ဆေးလိပ်မသောက်သုံးရေး လှုပ်ရှားမှု ကို စက်တင်ဘာလ ၆ ရက်ကပြုလုပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရသည်။
ရီယို ဒီ ဂျနေရို၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ) ရီယို မသန်စွမ်းအိုလံပစ် အားကစားပွဲများအား အိုလံပစ်ပြိုင်ပွဲများကဲ့သို့ပင် စိတ်ဝင်စားမှု ရှိကြသည့်အတွက် လက်မှတ်ရောင်းချမှုသည် အစောင်ရေ ၁.၆သန်းအထိရှိလာပြီဖြစ်ကြောင်း ပွဲစီစဉ်သူများကပြောကြားခဲ့သည်။
ဂျာကာတာ၊ စက်တင်ဘာ ၇ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း ရှိ အနောက်ဂျာဗားပြည်နယ်တွင် စက်တင်ဘာ ၇ ရက်က မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ် အေဂျင်စီရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။