Connect with us

Europe

Jeremy Huntကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအသစ်အဖြစ် ခန့်အပ်

ဗြိတိန်နိုင်ငံခြားရေး ၀န်ကြီးအသစ်Jeremy Huntအားတွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ (Theresa May)က ဇူလိုင်လ ၉ ရက်တွင် ဥရောပသမဂ္ဂမှ ဗြိတိန် နုတ်ထွက်ရေးဆိုင်ရာ မဟာဗျူဟာ အကောင်အထည်ဖော်မှုတွင် သဘောထားကွဲလွဲမှုများကြောင့် ရာထူးမှနုတ်ထွက်ခဲ့သည့် နိုင်ငံခြားရေးဝန်ကြီး ဘောရစ် ဂျွန်ဆင် (Boris Johnson)၏နေရာတွင် ကျန်းမာရေးဝန်ကြီး Jeremy Huntကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ Jeremy Huntသည် Oxford တက္ကသိုလ်တွင် ကျောင်းပြီးခဲ့ပြီး ဗြိတိန် ယဉ်ကျေးမှုဝန်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

နိုင်ငံခြားရေးဝန်ကြီးအသစ်ခန့်အပ်သည့် ထို့နေ့တွင်ပင် ယဉ်ကျေးမှုဝန်ကြီး Matt Hancockကို ကျန်းမာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ကြောင်း ဝန်ကြီးချုပ် ထရီဇာမေ (Theresa May)က ကြေညာခဲ့ သည်။

ဇူလိုင် ၉ ရက်နေ့က ဘောရစ်ဂျွန်ဆင်က ထရီဇာမေနှင့် ဥရောပသမဂ္ဂမှဗြိတိန်နုတ်ထွက်ရေးဆိုင်ရာ မဟာဗျူဟာ အကောင်အထည်ဖော်မှုတွင် သဘောထားကွဲလွဲမှုများကြောင့် ရုတ်တရုက် ရာထူးမှ နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ ဇူလိုင် ၈ ရက်က ဗြိတိန်ခွဲထွက်ရေးဆိုင်ရာ ဝန်ကြီး ဒေးဗစ် ဒေးဗစ်(David Davis) ကလည်း အဆိုပါသဘောထားကွဲလွဲ မှုကြောင့် ရာထူးမှ နုတ်ထွက်ခဲ့ကြောင်း သိရသည်။

ဘောရစ်ဂျွန်ဆင်နှင့် ဒေးဗစ် ဒေးဗစ်သည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေး ကိစ္စတွင် ဝန်ကြီးချုပ် ထရီဇာမေ၏ မဟာဗျူဟာက ပျော့ညံ့လွန်းသည်ဟု သဘောထားကွဲလွဲခြင်း ဖြစ်နိုင်ကြောင်း အများက ထင်မြင်ချက်များပေးနေကြသည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရေးကိစ္စတွင် အစိုးရအဖွဲ့ဝင်များနှင့် သဘောတူညီမှုများ ရရှိပြီးဖြစ် ကြောင်း၊ ဗြိတိန် ဥရောပသမဂ္ဂမှခွဲထွက်ပြီးနောက် “ဗြိတိန်-အီးယူ လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်” ထားရှိမည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ထရီဇာမေက လွန်ခဲ့သော ရက်သတ္တပတ်တွင် ပြောကြားခဲ့သည်။ အများက ဤသို့လုပ်ဆောင်ခြင်းမှာ ခွဲထွက်သော်လည်း ပျော့ညံ့ရာကျကြောင်း ထင်မြင်ချက်များပေး ကြသည်။ ဗြိတိန်နိုင်ငံအတွင်းတွင် ဗြိတိန်ကို အီးယူ အကောက်ခွန် သမဂ္ဂ ၊ ဥရောပတိုက် ဘုံဈေးကွက် တို့မှ ပြတ်ပြတ်သားသား နုတ်ထွက်သင့်သည်ဟု ယူဆကြသည့် hard Brexit ကို လက်ကိုင်ထား သူများက ယခုလိုလုပ်ဆောင်ခြင်းမှာ နုတ်ထွက်ရေးမူဝါဒကို သစ္စာဖောက် ရာရောက် ကြောင်း၊ ယခုကဲ့သို့လုပ်ဆောင်လျှင် ဗြိတိန်က အီးယူကုန်သွယ်ရေးစည်းမျဉ်းများ၏ အချုပ်အနှောင် ကို ဆက်လက်ခံရမှာဖြစ်ပြီး စစ်မှန်သည့် သီးခြားရပ်တည်မှုကို ရရှိနိုင်မှာ မဟုတ်ကြောင်း ဟု ဝေဖန် တိုက်ခိုက်ပြောဆိုကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.