Connect with us

Asia

ဗီယက်နမ်နိုင်ငံတွင် ပြုလုပ်မည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဒေသအတွင်းမှ ပြိုင်ပွဲဝင်နှင့် နည်းပြပေါင်း ၁၁,၀၀၀ တက်ရောက်မည်

၂၀၁၅ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ခဲ့သော ၂၈ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA) ပိတ်ပွဲအခမ်းအနားအားတွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းမြို့၌ ၂၀၂၁ခုနှစ်တွင် ကျင်းပမည့် ၃၁ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA) သို့ ပြိုင်ပွဲဝင်နှင့် နည်းပြပေါင်း ၁၁,၀၀၀ဦး အပါအဝင် လူပေါင်း ၁၆,၀၀၀ ခန့် တက်ရောက်ပါဝင်မည်ဖြစ်ကြောင်း ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစား နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန က ဇူလိုင် ၁၀ ရက်တွင်ပြောကြားခဲ့သည်။

မြို့တော် ဟနွိုင်းမြို့၌ ၂၀၂၁ခုနှစ် အောက်တိုဘာ နှင့် ဒီဇင်ဘာလအကြားတွင် ၃၁ကြိမ်မြောက် SEA Games အား ၁၇ရက် နှင့် ၁၁ကြိမ်မြောက် ASEAN မသန်စွမ်းအားကစားပြိုင်ပွဲအား ၁၁ရက် ကြာကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ မသန်စွမ်းအားကစားသမားများ၊ နည်းပြများ နှင့် ဒိုင်လူကြီးများ အပါအဝင် လူပေါင်း ၄,၀၀၀ခန့် မသန်စွမ်းအားကစားပြိုင်ပွဲသို့ တက်ရောက်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံ သည် ပထမဆုံးအကြိမ်အဖြစ် ၂၀၀၃ခုနှစ်တွင် SEA Games အားလက်ခံကျင်းပခဲ့ပြီး ထိုင်းနိုင်ငံ နှင့် အင်ဒိုနီးရှားနိုင်ငံ ပြီးလျှင် ဆုတံဆိပ်အများဆုံးရရှိသော နိုင်ငံအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ မလေးရှားနိုင်ငံတွင် ၂၀၁၇ခုနှစ်က ပြုလုပ်ခဲ့သော ၂၉ကြိမ်မြောက် SEA Games ၌ အိမ်ရှင်မလေးရှားက ပထမ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့က ဒုတိယ နှင့် တတိယ အသီးသီးရရှိခဲ့ကြောင်း သိရသည်။

SEA Games သည် နှစ်နှစ်တစ်ကြိမ်ကျင်းပသော အားကစားပေါင်းစုံပါဝင်သည့် ပြိုင်ပွဲဖြစ်ပြီး လက်ရှိ အရှေ့တောင်အာရှရှိ နိုင်ငံ ၁၁နိုင်ငံမှ ပြိုင်ပွဲဝင်များ ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.