Connect with us

Africa & Middle East

အစ္စရေးနိုင်ငံက ဂါဇာဒေသနှင့် ထိစပ်နေသည့် နယ်စပ်ဖြတ်ကျော်ရေးစခန်းအား ပိတ်ဆို့

အစ္စရေးနှင့်ဆက်စပ်နေသည့် ဂါဇာဒေသအရှေ့ပိုင်းတွင် ပဋိပက္ခဖြစ်ပွားစဉ် (ဆင်ဟွာ)

ဂျေရုဆလင် ၊ ဇူလိုင် ၁၀ ရက်(ဆင်ဟွာ)

ဇူလိုင် ၉ ရက်မှစ၍ အစ္စရေးသည် ဂါဇာဒေသတောင်ပိုင်းနှင့်ထိစပ်နေသည့် Kerem Shalom နယ်စပ်ဂိတ်အား ပိတ်သိမ်းလိုက်ကြောင်း အစ္စရေး ကာကွယ်ရေးတပ်က ယင်းနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးပစ္စည်းစသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများမှအပ အခြား ကုန်ပစ္စည်းများကို Kerem Shalom နယ်စပ်ဂိတ်မှ တင်သွင်းခြင်းအား တားမြစ်ထားကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းမှာ ပါလက်စတိုင်း ဟားမားစ်တို့၏ နယ်စပ်တစ်လျှောက် အကြမ်းဖက်လှုပ်ရှားမှုများကို ဦးတည်လုပ်ဆောင် ခြင်းဖြစ်ကြောင်း ၊ အခြေအနေများ ဆက်လက် တင်းမာနေမည်ဆိုပါက အစ္စရေးသည် ယခုထက် တင်းကျပ်သည့် နည်းလမ်းများနှင့် ဆောင်ရွက်သွား မည်ဟု အစ္စရေးတပ်ဖွဲ့က ဆိုသည်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က အစ္စရေးသည် ဂါဇာဒေသရှိ ဟားမားစ်များကို တင်းမာ သည့်နည်းလမ်းများနှင့်ကိုင်တွယ်ရန် ဆုံးဖြတ်ပြီးဖြစ်ကြောင်း၊ အစ္စရေးအနေဖြင့် နယ်စပ်ဂိတ် ပိတ်ဆို့မှု မှာ တစ်ခုတည်းသောနည်းလမ်းမဟုတ်ကြောင်း ၊ အခြားနည်းလမ်းများနှင့် ကိုင်တွယ်ဆောင်ရွက်သွားရန်လည်း စဉ်းစားပြီးကြောင်း ပြောကြားခဲ့သည်။

မတ်လ ၃၀ ရက်မှစ၍ ပါလက်စတိုင်းများသည် ဂါဇာဒေသနယ်စပ်တလျှောက်တွင် နယ်မြေပြန်လည် ရရှိရေး ဆန္ဒပြလှုပ်ရှားမှုများ အကြီးအကျယ်လုပ်ဆောင်ခဲ့ကြောင်း၊ ဆန္ဒပြသူများနှင့် အစ္စရေးစစ်တပ် အကြား ပဋိပက္ခ အဆက်မပြတ်ဖြစ်ပွားခဲ့ရာ ပဋိပက္ခကြောင့် သေဆုံးသူ ပါလက်စတိုင်း ၁၀၀ ကျော် ရှိခဲ့ကြောင်း သိရသည်။

၂၀၀၇ ခုနှစ်တွင် ဟားမားစ် တို့က ဂါဇာဒေသအား ထိန်းချုပ်သည့်အာဏာရရှိပြီးနောက် အစ္စရေးက ဘက်ပေါင်းစုံပိတ်ဆို့မှုများ စတင်လုပ်ဆောင်ခဲ့ကြောင်း ၊ အီဂျစ်နှင့်ဆက်စပ်နေသည့် ဂါဇာဒေသ တောင်ပိုင်း Rafah နယ်စပ်ဂိတ်ကို လုံခြုံရေးအရ ပိတ်သိမ်းခဲ့ရသည်။ ၁၀ နှစ်ကျော် ပိတ်ဆို့မှုများ ကြောင့် ဂါဇာဒေသ၏လူမှုစီးပွားအခြေအနေများမှာ အဆက်မပြတ်ဆိုးဝါးလျက်ရှိကြောင်း သိရသည်။

(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.