Connect with us

Asia

လာအိုမှ ဗီယက်နမ်သို့မူးယစ်ဆေးဝါး ခိုးသွင်းသူနှစ်ဦးကို ဖမ်းဆီးရမိ

ဗီယက်နမ်နိုင်ငံ၌ ၂ဝ၁၈ ခုနှစ် ဧပြီလ ၂၄ ရက်က လာအိုနိုင်ငံသား မူးယစ်မှောင်ခိုသမားတစ်ဦးအား ဖမ်းဆီးရမိစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇူလိုင်၁ဝရက်(ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်း Thanh Hoa ပြည်နယ်မှ ရဲတပ်ဖွဲ့ဝင်များက လာအိုနိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့မူးယစ်ဆေးဝါး ခိုးသွင်းသည့် ဒေသခံလူငယ်နှစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် Luong Van Trac နှင့် အသက် ၂ဝ နှစ်အရွယ် Ngo Truong Long တို့နှစ်ဦးစလုံးမှာ Thanh Hoa ပြည်နယ်မှ ဖြစ်ပြီး ၎င်းတို့နှစ်ဦးအား အလေးချိန် ၂ ကီလိုဂရမ်ရှိ မက်အက်ဖာတမင်း ဆေးပြား ၄ဝဝဝ ၊ လက်လုပ် သေနတ်တစ်လက် နှင့်အတူ ဇူလိုင် ၉ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဇူလိုင် ၁ဝ ရက်တွင် ပြောကြားခဲ့သည်။

ပြည်နယ်အတွင်းပြန်လည်ရောင်းချရန်အတွက် ဗီယက်နမ်ဒေါင်ငွေ သန်း ၂ဝဝ ( အမေရိကန်ဒေါ်လာ ၈၈ဝဝ နီးပါး) တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို လာအိုနိုင်ငံမှ ဝယ်ယူခဲ့ကြောင်း Trac က ဝန်ခံခဲ့သည်။

ဗီယက်နမ်နိုင်ငံဥပဒေအရ ဘိန်းဖြူ ၆ဝဝ ဂရမ် အထက် (သို့မဟုတ်) မက်အက်ဖာတမင်းစိတ်ကြွဆေးပြား ၂.၅ ကိုလီဂရမ်အထက် မှောင်ခိုသွင်းပါက သေဒဏ် ချမှတ်ခံရမည်ဖြစ်သည်။ ထို့ပြင် ဘိန်းဖြူ ၁ဝဝ ဂရမ် (သို့မဟုတ်) အခြား တရားမဝင်မူးယစ်ဆေးဝါး ၃ဝဝ ဂရမ်ကို ပြုလုပ်ခြင်း (သို့မဟုတ်) ရောင်းဝယ်ဖောက်ကားခြင်းပြုလုပ်ပါကလည်း သေဒဏ် ပြစ်ဒဏ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.