ဟွတ်ဟော့ ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမြောက်ပိုင်း မွန်ဂိုးလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းပိုင်း၌ လွန်ခဲ့သော နှစ်ပေါင်း ၁ဝဝဝ ကျော်က ရေးချယ်ခဲ့သည့် အလွန်လှပသော ရှေးဟောင်းနံရံဆေးရေး ပန်းချီများပါရှိသည့် ဂူသင်္ချိုင်း သုံးခုကို ရှေးဟောင်းသုတေသနပညာရှင်များက ရှာဖွေတွေ့ရှိထားကြောင်း အာဏာပိုင်များက သြဂုတ်လ ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားသည်။
နယူးဒေလီ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ ဗဟိုတရားရုံးချုပ်သည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခုဖြစ်သည့် Janmashitami (လူသားပိရမစ်) ပွဲတော်၌ အသက် ၁၈ နှစ်အောက် ကလေးငယ်များပါဝင်ခြင်းမပြုရန် သြဂုတ်လ ၁၇ ရက်တွင် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် မုန့်တိုက်တစ်ခု၌ ယနေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
ကန်ဘာရာ ၊ သြဂုတ် ၁၈ ရက်(ဆင်ဟွာ) လွန်ခဲ့သော နှစ်ပေါင်း ၅ဝ က ဗီယက်နမ်တပ်ဖွဲ့များ နှင့် သြစတြေးလျတပ်ဖွဲ့များအကြား တိုက်ပွဲဆင်နွှဲခဲ့သည့် Long Tan စစ်မြေပြင် နေရာဟောင်း၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပခွင့်ပြုရန် သြစတြေးလျနိုင်ငံဝန်ကြီးချုပ် Malcolm Turnbull ၏ သြဂုတ်လ ၁၇ ရက် ညပိုင်းက...
ရီယိုဒီဂျနေရို ၊ သြဂုတ် ၁၈ ရက် (ဆင်ဟွာ) အိုလံပစ်ရွှေတံဆိပ် ၇ ဆုရှင် ဂျမေကာနိုင်ငံသား ကမ္ဘာ့အပြေးချန်ပီယံ အူစိန်ဘော့သည် ရီယိုအိုလံပစ်ပြိုင်ပွဲ၏ မီတာ ၂ဝဝ ဗိုလ်လုပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီသဖြင့် ယခုပြိုင်ပွဲအတွင်း ၎င်းအတွက် တတိယမြောက် ရွှေတံဆိပ်တစ်ခုကို ထပ်မံဆွတ်ခူးရန် အခွင့်သာခဲ့ပြီဖြစ်ကြောင်းသိရသည်။
နယူးဒေလီ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ အပူပိုင်း ပြည်နယ်တွင် တရားမဝင် အရက်သောက်သုံးပြီးနောက် အနည်းဆုံး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အဆင့်မြင့် ရဲ အရာရှိ တစ်ဦးက ပြောသည်။
ဝါရှင်တန်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်း ဟီလာရီ ကလင်တန်သည် ၎င်း၏ ပြိုင်ဘက် ရီပက်ဘလစ်ကန် သမ္မတ လောင်း ဒေါ်နယ်ထရမ့်အား ၉ ရာခိုင်နှုန်းအသာဖြင့် ဦးဆောင်နေကြောင်း သြဂုတ်လ ၁၆ ရက်တွင် ထုတ်ပြန် လိုက်သည့် နိုင်ငံတစ်ဝန်း လူထုဆန္ဒခံယူမှု ရလဒ်...
ကွာလာလမ်ပူ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ဆီတင်သင်္ဘောတစ်စီးသည် မလေးရှားဆိပ်ကမ်းမှ ထွက်ခွာလာပြီးနောက် ပြန်ပေးဆွဲခံရသည်ဟု ယုံကြည်ရကြောင်း အာဏာပိုင်များက သြဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
အန်ကာရာ၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir ပြည်နယ် တွင် ဖြစ်ပွားခဲ့သည့် ကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေသည် သြဂုတ် ၁၆ ရက်တွင် ၈ဦးအထိ မြင့်တက်လာခဲ့ကြောင်း Dogan သတင်းဋ္ဌာနက ဖော်ပြခဲ့သည်။
နယူးဒေလီ ၊ သြဂုတ် ၁၇ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ လူနာ ၆ ဦးအား ဆေးထိုးသတ်ပြီး ၎င်းတို့၏ရုပ်အလောင်းများအား ယာတောအိမ်ခြံဝင်းအတွင်း မြှုပ်နှံထားခဲ့သည့် ဆရာဝန်တစ်ဦးအား ဖမ်းဆီးလိုက်ကြောင်း အိန္ဒိယရဲတပ်ဖွဲ့က သြဂုတ်၁၆ ရက်တွင် ပြောသည်။