Connect with us

Asia

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Shinmoe မီးတောင် ထပ်မံပေါက်ကွဲ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ Shinmoe မီးတောင်ပေါက်ကွဲနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

တိုကျို၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အဓိက ကျွန်းတစ်ကျွန်းဖြစ်သော Kyushu ကျွန်းပေါ်ရှိ Shinmoe မီးတောင်သည် ဇွန်လ ၂၇ ရက်တွင် ထပ်မံပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မိုးလေဝသဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ၏ ပြောကြားချက်အရ Kagoshima နှင့် Miyazaki စီရင်စုတို့အပေါ် ခွလျက်တည်ရှိသော အဆိုပါ မီးတောင်သည် ဒေသစံတော်ချိန် ညနေ ၃ း ၃၄ နာရီ၌ ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

မီးတောင်ပေါက်ကွဲရာမှ မီးခိုးများနှင့် မီးတောင်ပြာများမှ လေထုအတွင်း မီတာ ၂,၂၀၀ သို့ မှုတ်ထုတ်လျက်ရှိကြောင်း မိုးလေဝသဌာနထံမှ သိရသည်။

JMA က မီးတောင်ပေါက်ကွဲမှုအား သတိပေးချက် အဆင့် ၃ အဖြစ်သတ်မှတ်ထားပြီး ၁,၄၂၁ မီတာမြင့်သော မီးတောင် သို့မဟုတ် မီးတောင်ဝအနီးသို့ ပြည်သူများ မချဉ်းကပ်ကြရန် ညွှန်ကြားထားကြောင်း သိရသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် လူအများ ဒဏ်ရာရရှိခြင်း သို့မဟုတ် နေအိမ်များ ပျက်စီးခြင်း သတင်းများ မရှိကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများထံမှ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.