Connect with us

Asia

ဗီယက်နမ် တွင် အသည်းကင်ဆာကြောင့် နှစ်စဉ် လူ ၂၀,၀၀၀ အသက်ဆုံးရှုံး

ဗီယက်နမ်နိုင်ငံရှိ ဆေးရုံတစ်ရုံမှ ဆရာဝန်များအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံတွင် အသည်းကင်ဆာကြောင့် နှစ်စဉ် လူ ၂၀,၀၀၀ ခန့်အသက်ဆုံးရှုံးနေရကြောင်း ဗီယက်နမ်နိုင်ငံ အသည်း နှင့် သည်းခြေ အဖွဲ့အစည်း က ဇွန် ၂၇ ရက်တွင်ပြောကြားခဲ့သည်။

ကင်ဆာကြောင့် သေဆုံးမှုနှုန်းမြင့်တက်လာခြင်းသည် ရောဂါရှာဖွေတွေ့ရှိမှု နှင့် ကုသမှု နောက်ကျခြင်းတို့ကြောင့်ဖြစ်ပြီး ဗီယက်နမ်နိုင်ငံသားအနည်းငယ်သာ အသည်းကျန်းမာရေးကို ဂရုစိုက်ကြကြောင်း အဖွဲ့အစည်းကပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံတွင် အသည်းရောဂါ ဖြစ်ပွားသူများခြင်း နှင့် အရက်အလွန်အကျွံသောက်သုံးမှုကြောင့် အသည်းခြောက်ခြင်း နှင့် အသည်းကင်ဆာ ဖြစ်ပွားသူ များပြားလာကြောင်း သိရသည်။ အချို့သော စာရင်းအချက်အလက်များအရ နိုင်ငံ၏ လူဦးရေ ၁၀ရာခိုင်နှုန်းသည် အရက်အလွန်အကျွံသောက်သုံးသူများ ဖြစ်ကြောင်း သိရသည်။

လူဦးရေ ၉၅သန်းခန့်ရှိသော ဗီယက်နမ်နိုင်ငံ သည် လက်ရှိတွင် အသည်းရောင်အသားဝါဘီပိုး လူနာ ၇.၈သန်း၊ အသည်းရောင်အသားဝါစီပိုး လူနာ ၉၉၁,၀၀၀ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြချက်အရသိရသည်။

ဘီပိုး လူနာများအနက် လူအယောက် ၅၁,၀၀၀ သည် အသည်းခြောက်ဝေဒနာ ခံစားနေရပြီး အခြားလူ အယောက် ၁၄,၀၀၀ မှာ အသည်းကင်ဆာ ဖြစ်ပွားနေကြောင်းသိရသည်။ ထို့ပြင် စီပိုး လူနာများအနက် လူ အယောက် ၁၃,၀၀၀ သည် အသည်းခြောက်နေပြီး လူအယောက် ၆,၀၀၀နီးပါးမှာ အသည်းကင်ဆာ ဖြစ်ပွားနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.