လန်ဒန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဗြိတိန်နိုင်ငံရှိ ဟယ်ရီပေါ်တာနှင့် ပရော်ဖက်ဆာ စတုန်း ဝတ္ထု ထုတ်ဝေခြင်း နှစ် ၂၀ ပြည့် အထိမ်းအမှတ် ပြပွဲအား ၂၀၁၇ ခုနှစ် ဆောင်းဦးရာသီတွင် ပြုလုပ်ရန်ရှိကြောင်း ဗြိတိသျှ စာကြည့်တိုက်က သြဂုတ်လ ၉ ရက်က ကြေညာလိုက်သည်။
ဆန်ဖရမ်စစ္စကို ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် စစ်စခန်းများ ၊ လေဆိပ်များ နှင့် စက်မှုဇုံများ၌ မီးဘေးကာကွယ်ရေးအတွက် မီးသတ်ဆေးအမြှုပ်များကို အသုံးပြုနေခြင်းကြောင့် အနီးပတ်ဝန်ကျင်ရှိ သောက်သုံးရေများတွင် ဖလူအိုရင်းဓာတုဒြပ်စင် ပျော်ဝင်မှု မြင့်မားလျက်ရှိကြောင်း သုတေသနအဖွဲ့တစ်ခုက သြဂုတ်လ ၉ ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
မနီလာ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၏ နာမည်ကြီး လက်ဝှေ့သမား မန်နီ ပက်ကွီနိုသည် ကမ္ဘာ့လက်ဝှေ့ အဖွဲ့အစည်း (WBO) ၏ အလယ်အလတ်ဝိတ်တန်း ချန်ပီယံ Jessie Vargas နှင့် နိုဝင်ဘာလ၌ ထိုးသတ်ရန်အတွက် လက်ဝှေ့လောကသို့ ပြန်လည်ဝင်ရောက်လာမည်ဖြစ်ကြောင်း သြဂုတ်လ ၁၀ရက် တွင်ပြောခဲ့သည်။
ဗျူနို အေးရီးစ်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မူးယစ်ဆေးဝါး ကုန်သွယ်မှုအား တိုက်ဖျက်ရာတွင် အသုံးပြုရန် အမေရိကန်နိုင်ငံမှ လေယာဉ် ၂၄ စင်းအား အာဂျင်တီးနားက ဝယ်ယူမည် ဖြစ်ပြီး အနည်းဆုံး ကုန်ကျစရိတ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ ခန့် ရှိမည် ဖြစ်ကြောင်း...
ရီယိုဒီဂျနေရို ၊သြဂုတ် ၁ဝ ရက် (ဆင်ဟွာ) ရီယိုအိုလံပစ်ပြိုင်ပွဲတွင် သတင်းရယူနေကြသည့် သတင်းသမားများလိုက်ပါလာသော ဘတ်စ်ကားသည် သြဂုတ်လ ၉ ရက်က Barra အိုလံပစ်ကစားကွင်းသို့မောင်းနှင်လာစဉ် လမ်းခရီးတစ်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် ကားပြတင်းမှန်များ ကွဲကြေသွားကြောင်းသိရသည်။
ဂျာမနီ၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ဘက် Rheinland-Pfalz ပြည်နယ် တွင် IS စစ်သွေးကြွအဖွဲ့ဝင်ဟု ယူဆရသူ တစ်ဦးအား ဖမ်းဆီးခဲ့ကြောင်း ဂျာမနီမီဒီယာ က သြဂုတ် ၉ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဘန်ကောက် ၊ သြဂုတ် ၁ဝ ရက်(ဆင်ဟွာ) ထိုင်းနိုင်ငံ၏ ဆက်သွယ်ရေး ကုမ္ပဏီသည် ပြည်တွင်းလာရောက်လည်ပတ်ကြမည့် နိုင်ငံခြားသား ခရီးသွားများအသုံးပြုသည့် ဖုန်းဆင်းကတ်များကို ခြေရာခံ ထောက်လှမ်း၍ အကြမ်းဖက်မှု ကြိုတင်ကာကွယ်ရေး စဉ်းမျဉ်းတစ်ရပ်ကို ဆောင်ရွက်ရန် စီစဉ်နေကြောင်း ထိုင်းအာဏာပိုင်များက သြဂုတ် ၉ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ဝယ်လ်လင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) နယူးဇီလန် နိုင်ငံ သယ်ယူ ပို့ဆောင်ရေးဌာန လက်ထောက် ဌာနမှူး Craig Foss မှ သြဂုတ်လ ၉ ရက်နေ့က နယူးဇီလန် နိုင်ငံ အနေဖြင့် မကြာမီ ကာလ အတွင်း အရက် အလွန်အကျွံ သောက်စားပြီး...
စမွတ်စခွန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အလယ်ပိုင်း စမွတ်စခွန်ပြည်နယ်သည် ပင်လယ်စာ လုပ်ငန်း၏ အချက်အချာ နေရာ ဖြစ်သည်။ ထို့အတူ ထိုင်းနိုင်ငံသို့ အလုပ်အကိုင် အခွင့်အလမ်းသစ်များ လာရောက်ရှာဖွေသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂.၄ သန်း ရှိသည့်အနက် မြန်မာနိုင်ငံသား ၂...
ဝါရှင်တန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ၌ မူးယစ်ဆေးဝါးသုံးစွဲသည်ဟု သံသယရှိသူများအား အစိုးရက နှိမ်နင်းသတ်ဖြတ်နေသည့် လုပ်ရပ်အပေါ် “ဥပဒေကိုကျော်လွန်၍ သတ်ဖြတ်မှု” ဟု စွပ်စွဲလိုက်ပြီး ၊ ဖိလစ်ပိုင်အစိုးရအနေဖြင့် လူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာရန် သြဂုတ်လ ၈ ရက်တွင် အမေရိကန်နိုင်ငံက တောင်းဆိုလိုက်သည်။