Connect with us

Europe

ကနေဒါနိုင်ငံတွင် အောက်တိုဘာ ၁၇ မှ စ၍ ဆေးခြောက် သုံးစွဲမှု တရားဝင်ခွင့်ပြုမည်ဟု ဝန်ကြီးချုပ်ပြောကြား

ဆေးခြောက်စိုက်ခင်းတစ်ခုမှ ဆေးခြောက်ရွက်တစ်ရွက်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အော့တာဝါ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ကနေဒါနိုင်ငံ ဝန်ကြီး ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ကနေဒါနိုင်ငံတွင် အောက်တိုဘာ ၁၇ ရက် မှ စ၍ ဆေးခြောက်သုံးစွဲမှုသည် နိုင်ငံတစ်ဝန်း တရားဝင်ဖြစ်လာမည်ဖြစ်ကြောင်း ဇွန် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

ထရူးဒိုး က ပြည်နယ်များ နှင့် ချိတ်ဆက်လုပ်ဆောင်နေပြီး ယင်းဥပဒေအား ပြီးမြောက်အောင် ဆောင်ရွက်ရန် တိုက်တွန်းပြောဆိုခဲ့သည့် ပြည်နယ်များ၏ စကားသံများကိုလည်း နားထောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

၎င်းက ထို့ကြောင့်ပင် ပြည်နယ်များ၏ တောင်းဆိုချက်ကို လက်ခံပြီး ၂၀၁၈ခုနှစ် အောက်တိုဘာ ၁၇ ရက်တွင် ဆေးခြောက်အသုံးပြုမှု တရားဝင်ဖြစ်လာစေရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းဥပဒေကြမ်းအား ကနေဒါအောက်လွှတ်တော် နှင့် အထက်လွှတ်တော် နှစ်ခုစလုံးတွင် တစ်နှစ်ကျော် အကြိတ်အနယ် ဆွေးနွေးပြီးနောက် ဇွန် ၁၉ရက်တွင် ကနေဒါ အထက်လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကနေဒါပြည်နယ်တစ်ခုချင်းစီသည် ဆေးခြောက်ရောင်းချရန် ကိုယ်ပိုင်နည်းဥပဒေများ ပြဋ္ဌာန်းသွားမည် ဖြစ်သော်လည်း အဆိုပါ ဥပဒေကြောင့် ကမ္ဘာပေါ်တွင် ကနေဒါနိုင်ငံ သည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တရားဝင် ဆေးခြောက်ဈေးကွက်အား ခွင့်ပြုသော ဒုတိယမြောက် နိုင်ငံ ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

ဆေးခြောက်နှင့်ဆက်စပ်နေသော မှုခင်းများ နှင့် အရွယ်မရောက်သေးသူများ ဆေးခြောက်သုံးစွဲမှု အားလျှော့ချပြီး နိုင်ငံအတွင်း အရွယ်ရောက်ပြီးသူများ ဆေးခြောက်ပမာဏ အနည်းငယ်ကို လက်ဝယ်ကိုင်ဆောင်အသုံးပြုခွင့်ရရှိမည်ဟု ပြောကြားခဲ့သည့် ထရူးဒိုး၏ မဲဆွယ်ပွဲကတိများမှ အရင်းခံ၍ ယင်းဥပဒေပေါ်ပေါက်လာခြင်းဖြစ်သည်။

ယင်းဥပဒေသည် ဆေးခြောက်ထုတ်လုပ်ခြင်း၊ ပိုင်ဆိုင်ခြင်း၊ အန္တရာယ်ကင်းရှင်းရေး စံချိန်စံညွှန်းများ၊ ဖြန့်ဝေခြင်း၊ ရောင်းချခြင်းတို့ နှင့် ပတ်သက်၍ ကန့်သတ်အရေးယူမှုများပြုလုပ်သွားမည်ဖြစ်သည့်အပြင် အရွယ်မရောက်သေးသူများအား ဆေးခြောက်ရောင်းချမှုကို ပိတ်ပင်သည့် ပုဒ်မသစ်တစ်ခုကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါဥပဒေအရ အသက်၁၈နှစ်အောက် လူငယ်များအား ဆေးခြောက်ရောင်းချခြင်းကို တရားမဝင်အဖြစ် သတ်မှတ်ထားသော်လည်း ပြည်နယ်များအနေဖြင့် အနိမ့်ဆုံး အသက်အရွယ်ကို တိုးမြှင့်သတ်မှတ်နိုင်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.