Connect with us

Asia

အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၂ဦးသေ၊ ၆ဦး ဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံတွင် ယခင်က ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ် တွင် ဇွန် ၂၁ ရက်က သဲတင်ယာဉ်တစ်စီး နှင့် ခရီးသည်ယာဉ်တစ်စီး တိုက်မိခဲ့ရာ အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး အခြားလူ ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ ကပြောကြားခဲ့သည်။

မတော်တဆမှုသည် Madhya Pradesh ပြည်နယ် မြို့တော် Bhopal မြို့မြောက်ဘက် ၄၅၀ကီလိုမီတာအကွာ ရှိ Morena ခရိုင်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မျက်မြင်သက်သေများက ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ဒေသခံများ နှင့် ရဲတပ်ဖွဲ့ဝင် သည် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံတွင် ဝန်ပိုတင်ဆောင်ခြင်း၊ လမ်းများယိုယွင်းနေခြင်း နှင့် ယာဉ်မဆင်မခြင်မောင်းနှင်မှုများကြောင့် လူသေဆုံးသည့် ယာဉ်မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အိန္ဒိယနိုင်ငံတွင် ယာဉ်မတော်တဆမှုများကြောင့် ပျမ်းမျှအားဖြင့် နေ့စဉ် လူ ၄၀၀ကျော် သေဆုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.