Connect with us

North America

မိဘနှင့်ကလေးများအား သီးသန့်ခွဲခြား ထိန်းသိမ်းမှုကို ရပ်နားရန် ထရန့်က အမိန့်ကြေညာစာ လက်မှတ်ရေးထိုး

အမေရိကန် တက္ကဆက်ပြည်နယ်ရှိ တရားမ၀င်ရွှေ့ပြောင်းနေထိုင်သူများ ယာယီထိန်းသိမ်းရေး စခန်းအား တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ )

ဝါရှင်တန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

အမေရိကန်နှင့်မက္ကဆီကိုနယ်စပ်တွင် တရားမဝင် ဝင်ရောက်လာသူများကို ဖမ်းဆီးထိန်းသိမ်းရာတွင် မိဘနှင့်ကလေးများအား ခွဲခြားထိန်းသိမ်းမှုပြုလုပ်နေသည်ကို ရပ်နားရန် ထရန့်က ဇွန်လ ၂၀ ရက်တွင် အမိန့်ကြေညာစာ လက်မှတ်ရေးထိုးခဲ့ပါသည်။

အမေရိကန်အစိုးရဟာ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို လုံးဝသည်းခံမည်မဟုတ်သော zero tolerance မူဝါဒ ဆက်လက်ကျင့်သုံးမည်ဖြစ်ကြောင်း ၊ သို့သော်လည်း ၎င်းတို့နှင့် ၎င်းတို့၏ အရွယ်မရောက်သေးသောကလေးများကို သီးသန့်ခွဲခြားထိန်းသိမ်းမှုမလုပ်တော့ဘဲ အတူထိန်းသိမ်း ထားမည်ဖြစ်ကြောင်း ကြေညာချက်လက်မှတ်ရေးထိုးသည့်နေ့တွင် ထရန့်က ပြောကြားခဲ့သည်။

ယခုနှစ် ဧပြီ ၁၉ ရက်မှ မေ ၃၁ ရက်တွင် အမေရိကန်က တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရာ အရွယ်မရောက်သေးသော ကလေးသူငယ် ၁၉၉၅ ယောက်ကို ၎င်းတို့၏မိသားစုများနှင့် သီးသန့်ခွဲခြားထိန်းသိမ်းမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန် အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ယခုရက်ပိုင်းများတွင် ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ အမေရိကန်မီဒီယာများကမူ သီးသန့်ခွဲခြားထိန်းသိမ်းခံရသောကလေးအရေအတွက်မှာ အစိုးရထုတ်ပြန်သည့် အရေအတွက်ထက် များနိုင်သည်ဟု ခန့်မှန်းကြကြောင်း သိရသည်။

ထရန့်အစိုးရက တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို အရေးယူမှုများ ဆက်တိုက်ဆောင်ရွက်နေ သော်လည်း ယခုနှစ် မတ်လ မှ မေလအတွင်း တရားမဝင်ဝင်ရောက်လာသူအရေအတွက် အဆက် မပြတ်တိုးပွားလျက်ရှိကြောင်း၊ မေလက အမေရိကန်-မက္ကဆီကို နယ်စပ်တွင် ဖမ်းဆီးထားသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူအရေအတွက်မှာ ၄ သောင်းကျော်ရှိ ကြောင်း အမေရိကန်အမိမြေလုံခြုံရေးဝန်ကြီးဌာန၏ ဇွန်လ လဆန်းပိုင်းတွင် ထုတ်ပြန်သည့် သတင်းများအရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.