Connect with us

Asia

အိန္ဒိယနိုင်ငံရှိ အသုံးမပြုတော့သည့် ATM စက်အတွင်းမှ အိန္ဒိယငွေကြေးများအား ကြွက်များက ကိုက်ဖြတ်


နယူးဒေလီ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း အာဆံပြည်နယ်ရှိ ATM စက်တစ်လုံးအတွင်းမှ ရူပီး ၁.၂၃ သန်း (အမေရိကန်ဒေါ်လာ ၁၉,၀၀၀) တန်ဖိုးရှိသော အိန္ဒိယငွေစက္ကူများအား ကြွက်များက ကိုက်ဖြတ်ဖျက်ဆီးထားသည်ကို တွေ့ရကြောင်း Indian Express နေ့စဉ်သတင်းစာက ဖော်ပြထားသည်။

ယင်း စက်အတွင်းရှိ ရူပီး ၁.၇၁ သန်း (အမေရိကန်ဒေါ်လာ ၂၆၃၀၀ ဝန်းကျင်) တန်ဖိုးရှိသော ငွေစက္ကူများမှာမူ ကြွက်များ၏ ဖျက်ဆီးမှုမှ ကင်းလွတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ATM စက်သည် အာသံပြည်နယ် Tinsukai ခရိုင် Laipuli နယ်မြေတွင် တည်ရှိသည်။

ယင်း ATM စက်မှာ လွန်ခဲ့သည့် သီတင်းပတ် သုံးပတ်ကျော်က နည်းပညာချို့ယွင်းမှုကြောင့် အသုံးမပြုဘဲထားရှိခဲ့ရာမှ ပြီးခဲ့သည့် သီတင်းပတ်က ပြင်ဆင်ရန်အတွက် ဖွင့်ခဲ့ရာတွင် ပျက်စီးနေသည့် ငွေစက္ကူများအား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထို စက်များအတွင်း၌ ကြွက်အချို့ကိုလည်း တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ စက်ကို အိန္ဒိယနိုင်ငံပိုင် ဗဟိုဘဏ် State Bank of India (SBI) က ပိုင်ဆိုင်သည့်စက်များဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.