ဘရပ်ဆဲလ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ တရားရုံးက ၂၀၁၅ ခုနှစ် ပဲရစ် အကြမ်းဖက်မှုနှင့် ဆက်စပ်လျက်ရှိသည့် အကြမ်းဖက် အုပ်စု တစ်ခု အား ဇူလိုင်လ ၅ ရက် က ထောင်ဒဏ် ၁၆ နှစ်အထိ ချမှတ်ခဲ့ကြောင်း သိရသည်။
အန်ကာရာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ မြောက်ပိုင်း၌ စစ်တပ် ရဟတ်ယာဉ်တစ်စင်း ဇူလိုင်လ ၅ ရက်က ပျက်ကျခဲ့သောကြောင့် လူ ၇ ဦး သေဆုံးခဲ့ပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ စစ်ဦးစီးဋ္ဌာနက ပြောကြားခဲ့သည်။
မေးလ် ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) မော်လ်ဒိုက်နိုင်ငံ သမ္မတ အဗ္ဗဒူလာ ယမ်မင်း အဗ္ဗဒူဂေရုမ်းသည် နိုင်ငံအတွင်း၌ သေဒဏ် ဥပဒေ ပြဌာန်းရေးကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သမ္မတရုံးက ဇူလိုင်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာလိုက်သည်။
ဘာလင်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) ဂျာမနီနိုင်ငံ အနောက်ပိုင်း Kassel မြို့ရှိ လေဆိပ်တွင် ဇူလိုင်လ ၅ ရက်က ဗုံးလန့်မှု ဖြစ်ပွားခဲ့သည့် လေယာဉ်တစ်စီးအား ရှာဖွေ ရှင်းလင်းပြီးနောက် လေဆိပ်လုပ်ငန်းများ ပြန်လည် စတင်ခဲ့ကြောင်း သိရသည်။
တီဟီရန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) ဇူလိုင်လ ၄ ရက်က ဖြစ်ပွားခဲ့သော ဆော်ဒီအာရေးဗျ နိုင်ငံရှိ တမန်တော် မိုဟာမက် ဗလီအနီး အကြမ်းဖက် တိုက်ခိုက်မှု အတွက် ပြင်းထန်စွာ ရှုတ်ချကြောင်းနှင့် ယင်းတိုက်ခိုက်မှု ကျူးလွန်သူများအား မွတ်စလင် အသိုင်းအဝိုင်း အနေဖြင့် စည်းစည်းလုံးလုံး...
ဟူစတန် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့လယ် အနီး၌ ဇူလိုင်လ ၄ ရက် ညပိုင်းက သေနတ် ပစ်ခတ်မှု ဖြစ်ပွားရာ လူနှစ်ဦး သေဆုံးပြီး အခြား နှစ်ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း သိရသည်။
ကိုလံဘို ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှုသည် ၂ဝ၁၆ ခုနှစ် ဇွန်လအတွင်း ၂.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တရုတ်နိုင်ငံမှ ခရီးသည်များ ဝင်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလမျိုးဖြင့် နှိုင်းယှဉ်ပါက ၂၈.၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သီရိလင်္ကာ...
မက္ကဆီကို စီးတီး၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့၌ အဝေးပြေးလမ်းမကြီးပေါ်တွင် ဇူလိုင်လ ၄ ရက် တစ်ရက်တည်းတွင် ယာဉ်တိုက်မှု နှစ်ခု သီးခြားစီ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နမီးဘီးယား၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နမီးဘီးယားနိုင်ငံ မြို့တော် Windhoek မှ တောင်ဘက် ၉၀ ကီလိုမီတာ အကွာရှိ Rehoboth မြို့ တွင် ဇူလိုင်လ ၃ ရက်က ၁၀ နှစ်အရွယ် ယောကျာ်းလေး တစ်ဦးသည် ၎င်း၏ အကို ဖြစ်သူအား...
လော့စ်အိန်ဂျလိစ် ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ) နာဆာမှ လွှတ်တင်ထားသော ဂျူနို အာကာသယာဉ်သည် အာကာသ အတွင်း ငါးနှစ်ကြာ မောင်းနှင်ပြီးနောက် ဇူလိုင်လ ၅ ရက် အမေရိကန် စံတော်ချိန် ည ၈ နာရီ ၅၃ မိနစ်တွင် ဂျူပီတာ ဂြိုဟ်ပတ်လမ်းထဲသို့ချဉ်းကပ်...