Connect with us

North America

အမေရိကန်နိုင်ငံ သမ္မတ ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်တို့ တွေ့ဆုံပွဲအတွက် ပြင်ဆင်ရန် အမေရိကန်အဖွဲ့ မြောက်ကိုရီးယားသို့ ရောက်ရှိ

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (ဝဲ) နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အား တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အမေရိကန်နိုင်ငံမှ တရားဝင်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။

ထရမ့်-ကင် တွေ့ဆုံပွဲကို ဇွန်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၌ ပြုလုပ်ရန်လျာထားခဲ့သည်။“မြောက်ကိုရီးယားက အလွန့်အလွန်ကောင်းမွန်တဲ့ အလားအလာတွေရှိပြီး တစ်နေ့မှာ ကြီးမားတဲ့ စီးပွားရေးနဲ့ ဘဏ္ဍာရေးနိုင်ငံ တစ်နိုင်ငံဖြစ်လာမှာပါ။ ကင်ဂျုံအန်ကလည်း ဒါကို သဘောတူထားပါတယ်” အိမ်ဖြူတော်က ပြောခဲ့သည်။

တောင်ကိုရီးယားနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Sung Kim က မေလ ၂၇ ရက်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်၍ မြောက်ကိုရီးယားနိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး Choe Son Hui နှင့်တွေ့ဆုံကာ ထိပ်သီးအစည်းအဝေး ပြင်ဆင်ရေး ဆောင်ရွက်ခဲ့ကြောင်း ဝါရှင်တန်ပို့စ် သတင်းစာက မေလ ၂၇ ရက် အစောပိုင်း၌ သတင်းဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117