Connect with us

Africa & Middle East

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း တွင် ပေါက်ကွဲမှုကြောင့် လူ ၁၀ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ တွင် ယခင်ကဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုတစ်ခုအားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ဦး အပါအဝင် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။

Dunya News က မြို့အတွင်း ကင်းလှည့်နေသာ ရဲကားတစ်စီးကို ပစ်မှတ်ထား၍ Naseerabad ခရိုင် ဆင်ခြေဖုံးဒေသတွင် လမ်းဘေးဗုံးတစ်လုံးဖောက်ခွဲခဲ့ကြောင်း မေ ၂၈ရက်တွင်ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့အနက် ၂ဦးမှာ အခြေအနေစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်ခြင်းဖြစ်သည်ကို မသိရှိသေးကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာအား ရဲတပ်ဖွဲ့က အကာအရံများတားဆီး၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.