Connect with us

North America

အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗလျူဘုတ် ဆေးရုံတက်ရ

အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗျူဘုတ် အားတွေ့ ရစဉ်(ဓာတ်ပုံ-ဆင်ဟွာ)

ဝါရှင်တန် ၊ မေ ၂၈ ရက်(ဆင်ဟွာ)

သွေးပေါင်ကျခြင်း နှင့် မူဝေခြင်း ဝေဒနာများကြောင့် အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗလျူဘုတ်အား မေလ ၂၇ ရက်တွင် ဆေးရုံတင်လိုက်ရကြောင်း မိသားစုပြောရေးဆိုခွင့်ရှိသူ Jim McGrath ၏ ပြောကြားချက်အရ သိရသည်။

သမ္မတဟောင်း စီနီယာဘုတ်ကို Southern Maine (SMHC ) ကျန်းမာရေးဌာနသို့ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ရောဂါရှာဖွေရေးအတွက် ရက်အနည်းငယ် ဆေးရုံ၌ နေရလိမ့်မည်ဖြစ်ကြောင်း McGrath ၏တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် မေလ ၂၇ ရက် ညနေပိုင်းက ရေးသားဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ ၄၁ ယောက်မြောက် သမ္မတသည် “ နိုးနိုးကြားကြားရှိနေပြီး ဘာ မသက်မသာဖြစ်မှုမျိုးမှ မရှိပါဘူး” ဟူ၍ Mc Grath ကဆိုသည်။အသက် ၉၃ နှစ်အရွယ်ရှိ သမ္မတဟောင်းသည် ပြီးခဲ့သော ရက်သတ္တပတ်ကုန်ပိုင်းက မိန်းပြည်နယ်ရှိ ၎င်း၏ မိသားစုနေအိမ်ခြံဝင်းသို့ပြန်လာခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ဇနီးဖြစ်သူ ဘာဘရာ(Barbara) သည် ပြီးခဲ့သော လက ကွယ်လွန်ခဲ့ကြောင်း သိရသည်။

စီနီယာဘုတ်သည် ၁၉၈၉ ခုနှစ် မှ ၁၉၉၃ ခုနှစ်အထိ အမေရိကန်နိုင်ငံသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ၎င်းသည် မကြာသေးမီကကွယ်လွန်ခဲ့သော ဇနီးဖြစ်သူ ဘာဘရာ၏ အသုဘအခမ်းအနားပြီးနောက်တွင် သွေးတိုးဝေဒနာကြောင့် နှစ်ပတ်ကြာဆေးရုံတက်ခဲ့ရသေးသည်။ပြီးခဲ့သောမေလ ၂၆ ရက်က အောက်မေ့ဖွယ်နေ့(Memorial Day) အခမ်းအနားတွင် ဘုတ်သည် လုပ်ဖော်ကိုင်ဖက်ဟောင်းများနှင့်အတူ ၎င်း၏မိသားစုနွေရာသီအပန်းဖြေ နေအိမ် ၌ နံနက်စာ စားသောက်ပွဲတစ်ခုကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)