Connect with us

North America

သက်တမ်း ၁၂၅ နှစ်ရှိသော ဂျင်းဘောင်းဘီနှစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နီးပါးဖြင့်ရောင်းချ

နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိသော ဂျင်းဘောင်းဘီအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ မေ ၂၇ ရက် (ဆင်ဟွာ)

သက်တမ်းအားဖြင့် ၁၂၅ နှစ်ရှိပြီဖြစ်သော ဂျင်းဘောင်းဘီနှစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နီးပါးဖြင့် ရောင်းချခဲ့ပြီး Vintage Denim အတွက် စံချိန်တင်ခဲ့ကြောင်း အမေရိကန် မီဒီယာက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဂျင်းဘောင်းဘီနှစ်ထည်အား Levis Strauss & Co., က ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး မိန်း (Maine) ပြည်နယ်ရှိ လေလံအဆောက်အအုံ၌ အရှေ့တောင်အာရှမှ ဝယ်သူတစ်ဦးအား ရောင်းချခဲ့ခြင်း ဖြစ်သည်။ “ရှေးဟောင်း Levis ကို နှစ်သက်သူတစ်ဦးပေါ့” လို့ လေလံပွဲတာဝန်ရှိသူ Daniel Soules က ပြောကြားခဲ့သည်။

အဆိုပါ သက်တမ်းရင့် ဂျင်းဘောင်းဘီများတွင် စိတ်ဝင်စားဖွယ် နောက်ခံအကြောင်းရင်းတစ်ခုရှိနေသည်။ ယင်းအထည်အား အမေရိကန်နိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း နယူးဟမ့်စ်ရှိုင်းယားပြည်နယ်ရှိ စက်ရုံတွင် ထုတ်လုပ်ပြီး ဘောင်းဘီများကိုမူ အနောက်ဘက်ကမ်းရိုးတန်းဖြစ်သော ဆန်ဖရန်စစ္စကိုမြို့၌ ချုပ်လုပ်ခြင်းဖြစ်သည်။ ထို ဘောင်းဘီများ၏ ပထမပိုင်ရှင်မှာ အရီဇိုးနားပြည်နယ်ရှိ စတိုးဆိုင်ပိုင်ရှင် ဆော်လ်မွန်ဝါနာ (Solmon Warner) ဖြစ်ပြီး ၁၈၉၃ ခုနှစ်တွင် ဝယ်ယူခဲ့ကြောင်း သိရသည်။

အဆိုပါ ဘောင်းဘီများအား ဝါနာမသေဆုံးမီအထိ ဝတ်တယ်ဆိုရုံမျှ ဝတ်ခဲ့သဖြင့် ဘောင်းဘီများမှာ အကောင်းအတိုင်းရှိနေခဲ့ကြောင်း၊ ထို့နောက် Levis က ထိုဘောင်းဘီများအား ဒေါ်လာ ၅၀,၀၀၀ ဖြင့် ဝယ်ယူရန် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။

နောက်အိတ်ကပ် တစ်လုံးတည်းပါရှိခြင်းနှင့် ၁၉ ရာစုခေတ်က ရေပန်းစားသော ဘောင်းဘီသိုင်းကြိုးပါရှိသည့် အတွက် ခါးပတ်ကွင်းမထည့်ထားခြင်းကဲ့သို့ ယင်းဘောင်းဘီတွင် ပါဝင်ချက်များက ယခုခေတ် ပုံစံနှင့် ကွဲပြားခြားနားမှုများစွာပါရှိသည်ဟု ဆိုသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.