မော်စကို၊ မတ် ၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဋ္ဌာနက မတ် ၆ရက်တွင် ဆီးရီးယားနိုင်ငံ ၌ ပျက်ကျခဲ့သော စစ်ဘက် ပို့ဆောင်ရေးလေယာဉ်တစ်စီးသည် ကနဦးတွင် လူ ၃၂ဦးတင်ဆောင်လာသည်ဟု သတင်းရရှိသော်လည်း နောက်ပိုင်းတွင် ပျက်ကျချိန်၌ လူ ၃၉ဦးကို တင်ဆောင်လာခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မတ် ၇ ရက်(ဆင်ဟွာ)
နယူးဒေလီ၊ မတ် ၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မတ်လ ၆ ရက်က မင်္ဂလာဆောင် သွားမည့်သူများအား တင်ဆောင်လာသည့် ထရပ်ကားတစ်စီးသည် ရေနုတ်မြောင်းအတွင်းသို့ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၅ ဦး သေဆုံးသွားကြောင်း News18 တီဗီချန်နယ်၌ ဖော်ပြထားသည်။
မော်စကို၊ မတ် ၆ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန သည် လာမည့်သမ္မတရွေးကောက်ပွဲတွင် အမေရိကန်၏ ဝင်ရောက်စွက်ဖက်ရန် ကြိုးစားမှုများကို စောင့်ကြည့်နေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဒုတိယဝန်ကြီး Sergei Ryabkov က မတ် ၅ ရက်တွင်ပြောကြားခဲ့သည်။
အန်ကာရာ၊ မတ် ၆ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ ရဲတပ်ဖွဲ့သည် နိုင်ငံအတွင်းရှိ အမေရိကန်သံရုံး အပေါ် တိုက်ခိုက်လာနိုင်ခြေတစ်ရပ်အား စုံစမ်းစစ်ဆေးနေခြင်း၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံမြောက်ပိုင်း Samsun ပြည်နယ် ၌ IS စစ်သွေးကြွ ၄ဦးကို မတ်လ ၅ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
မနီလာ ၊ မတ် ၆ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း စီဗူးမြို့တွင် ယနေ့မတ်လ ၆ ရက် နံနက်အစောပိုင်းတွင် ဆောက်လက်စ လေးထပ်တိုက် အဆောက်အအုံတန်းလျား တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမား ၅ ဦးသေဆုံးပြီး အခြား ၅၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဘေးအန္တရာယ်ကယ်ဆယ်ရေး အရာရှိများက ဆိုသည်။
ပြုံယန်း၊ မတ် ၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်သည် တောင်ကိုရီးယားနိုင်ငံ သံတမန်နှင့် တွေ့ဆုံရာတွင် ထိပ်သီးအစည်းအဝေး တစ်ရပ် ကျင်းပရန် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ကျေနပ်လောက်သော သဘောတူညီမှု ရရှိခဲ့ကြောင်း Korean Central News Agency က မတ်လ ၆...
ဆိုးလ် ၊ မတ် ၄ ရက် (ဆင်ဟွာ) တောင်ကိုရီးယား နိုင်ငံ သမ္မတ အိမ်တော် (အိမ်ပြာတော်) က တောင်ကိုရီးယား နိုင်ငံ သမ္မတ မွန်ဂျေအင် ၏ အထူးကိုယ်စားလှယ် အဖွဲ့သည် မတ်လ ၅ ရက်နေ့ မှ စတင်၍ မြောက်ကိုရီးယား နိုင်ငံ...
အဘူဂျာ၊ မတ် ၃ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယား အကြမ်းဖက်အဖွဲ့တစ်ခု ဖြစ်သည့် ဘိုကိုဟာရမ်အဖွဲ့ခွဲ က နိုင်ငံအရှေ့မြောက်ပိုင်း Dapchiမြို့ မှ ပျောက်ဆုံးနေသော ကျောင်းသူ ၁၁၀ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပြီး ကြားဝင်ညှိနှိုင်းပေးသူ က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် စစ်တပ်အရာရှိများ နှင့် ဘိုကိုဟာရမ်တပ်မှူးများ အတူတကွတွေ့ဆုံကြရန်...
နယူးဒေလီ၊ မတ် ၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Chhattisgarh ပြည်နယ် ရှိ ဆေးရုံတစ်ရုံတွင် မျက်စိအတွင်းတိမ်ခွဲစိတ်မှု ပြုလုပ်ပြီးနောက် လူ ၁၁ဦး အမြင်အာရုံဆုံးရှုံးခဲ့ကြောင်း သိရသည်။