ကဘူးလ်၊ မေ ၂၉ ရက်(ဆင်ဟွာ) ယခုကာလအတွင်း အာဖဂန်နစ္စတန်နိုင်ငံ၌ဖြစ်ပွားနေသည့် မိုးခေါင်ရေရှားကပ်ဘေး အခြေအနေကို နိုင်ငံတကာ က ဂရုပြုကြရန်နှင့် ကပ်ဘေးသင့်ဒေသများကို လူသားချင်းစာနာထောက်ထားသည့် အကူအညီများပေးကြ ရန် အာဖန် သမ္မတ Ashraf Ghani က မေ ၂၈ ရက်တွင် တိုက်တွန်းပြောကြား ခဲ့ကြောင်း သိရသည်။
ဂျေရုဆလမ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ပါလက်စတိုင်း ၂ဦးကို အစ္စရေးစစ်တပ်က မေ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။
အစ္စလာမ်မာဘတ်၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၄ဦး အပါအဝင် အနည်းဆုံး လူ ၁၀ဦးသေဆုံးခဲ့ကြောင်း ပြည်တွင်း သတင်း၌ဖော်ပြခဲ့သည်။
ရီယိုဒီဂျနေရိုး ၊ မေ ၂၉ ရက် (ဆင်ဟွာ) ပါရာဂွေး နိုင်ငံ သမ္မတ Horacio Cartes က မေလ ၂၈ ရက်နေ့ ၌ ရာထူး မှ နုတ်ထွက်ကြောင်း နှင့် အထက် လွှတ်တော် တွင် လွှတ်တော် ကိုယ်စားလှယ် အဖြစ်...
ဝါရှင်တန်၊ မေ ၂၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းနှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးအစည်းအဝေးအတွက် ပြင်ဆင်ရန် အမေရိကန်နိုင်ငံမှ တရားဝင်အဖွဲ့တစ်ဖွဲ့သည် မြောက်ကိုရီးယားနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မေလ ၂၇ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ မေ ၂၈ ရက်(ဆင်ဟွာ) သွေးပေါင်ကျခြင်း နှင့် မူဝေခြင်း ဝေဒနာများကြောင့် အမေရိကန်နိုင်ငံသမ္မတဟောင်း ဂျော့ဒဗလျူဘုတ်အား မေလ ၂၇ ရက်တွင် ဆေးရုံတင်လိုက်ရကြောင်း မိသားစုပြောရေးဆိုခွင့်ရှိသူ Jim McGrath ၏ ပြောကြားချက်အရ သိရသည်။
ဝါရှင်တန်၊ မေ ၂၇ ရက် (ဆင်ဟွာ) သက်တမ်းအားဖြင့် ၁၂၅ နှစ်ရှိပြီဖြစ်သော ဂျင်းဘောင်းဘီနှစ်ထည်ကို အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀ နီးပါးဖြင့် ရောင်းချခဲ့ပြီး Vintage Denim အတွက် စံချိန်တင်ခဲ့ကြောင်း အမေရိကန် မီဒီယာက မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။
မူလ်တန်၊ ပါကစ္စတန်၊ မေ ၂၇ ရက် (ဆင်ဟွာ) ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် မူလ်တန်မြို့တွင် တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကံ (CPEC) အကြီးဆုံး သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံစီမံကိန်းအောက်မှ အရှည် ၃၉၂ ကီလိုမီတာရှိသော Multan-Sukkur အမြန်လမ်းမကြီး၏ ပထမလမ်းပိုင်းအား ပါကစ္စတန်နိုင်ငံ ဝန်ကြီးချုပ် Shahid Khaqan Abbasi...
ကဘူးလ်၊ မေ ၂၇ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarhar ပြည်နယ်တွင် အိုင်အက်စ် စစ်သွေးကြွများ ပုန်းအောင်းနေရာများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ တပ်မှူး နှစ်ဦး အပါအဝင် အနည်းဆုံး စစ်သွေးကြွ ၁၉ ဦး သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးက မေလ ၂၇...
ဝါရှင်တန်၊ မေ ၂၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းနှင့်တွေ့ဆုံဆွေးနွေးပွဲကို မူလစီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ရန် မျှော်လင့်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မေလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။