နယူးဒေလီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Himachal Pradesh ပြည်နယ် တွင် ဇူလိုင် ၂၀ ရက်က ဘတ်စ်ကား တစ်စီး မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၀ဦးသေဆုံးခဲ့ကြောင်း အကြီးတန်းရဲအရာရှိတစ်ဦးက ဇူလိုင် ၂၀ ရက်တွင်ပြောကြားခဲ့သည်။
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် မတူကွဲပြားမှုများကို ထိပ်တိုက်ရင်ဆိုင်နေမည့်အစား ပူးပေါင်းဆောင်ရွက်ရန်အတွက် တရုတ် ဒုတိယ ဝန်ကြီးချုပ် ဝမ်ယန် (Wang Yang) က ဇူလိုင်လ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
မောန်တီဗီဒေးယိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဥရုဂွေးနိုင်ငံတွင် ဆေးခြောက် တရားမဝင်သုံးစွဲမှု နှင့် မူးယစ်ဆေးဝါး မှောင်ခိုရောင်းဝယ်မှုတို့ကို တိုက်ဖျက်ရန် ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ယခင်က တရားမဝင် ဖြစ်ခဲ့ဖူးသော ဆေးခြောက်များကို ဇူလိုင် ၁၉ရက်တွင် ဆေးဆိုင် ၁၆ဆိုင်၌ တရားဝင် ဝယ်ယူရရှိနိုင်ပြီဖြစ်ကြောင်း သိရသည်။
ဒမက်စကက်စ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဆီးရီးယား နိုင်ငံပိုင် သတင်းဌာန ၏ သတင်းဖော်ပြချက်အရ ဆီးရီးယား နိုင်ငံ အစိုးရ တပ်ဖွဲ့သည် ဇူလိုင်လ ၁၉ ရက်နေ့၌ Raqqa ပြည်နယ် တောင်ပိုင်း တွင် IS အစွန်းရောက် အဖွဲ့အစည်း ကို...
ဝါရှင်တန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) သည် ဦးနှောက်ကင်ဆာရောဂါ ဖြစ်နေသည်ကို တွေ့ရှိရကြောင်း ဇူလိုင်လ ၁၉ ရက်က ဆေးရုံ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဘီဒီဂျန်(Abidjan) ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) နိုင်ဂျာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့ရုံး က ဇူလိုင်လ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ဂျာ နိုင်ငံ တွင် ပြီးခဲ့သည့် ဇွန်လ မှ စတင်၍...
ဂျေရုဆလင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံသည် စစ်ပွဲဒဏ်ခံနေရသော ဆီးရီးယားဘက်မှ ပြည်သူများအား ဆေးကုသမှုပေးရန် ဆီးရီးယားနိုင်ငံ နှင့် နယ်စပ်မျဉ်းတစ်လျှောက် ဂိုလန်ကုန်းမြင့်ဒေသ ၌ ဆေးရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၁၉ ရက်တွင်ပြောကြားခဲ့သည်။
တိုကျို၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ဂျပန်နိုင်ငံ ဟွန်ရှုးကျွန်းရှိ တိုဟိုကူဒေသ မြောက်ပိုင်း ဖူကူရှီးမား စီရင်စု ကမ်းရိုးတန်းပြင်ပတွင် ကနဦး တိုင်းတာချက်အရ ပြင်းအားပမာဏ ၅.၆ ရှိသော ငလျင် တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်ထားခြင်း မရှိသေကြောင်း သိရသည်။
ကင်းစတုန်း ၊ ဇူလိုင် ၂ဝ ရက်(ဆင်ဟွာ) ဂျမေကာနိုင်ငံသား ကမ္ဘာ့တာတိုပြေးချန်ပီယံ အူစိန်ဘော့သည် အားကစားလောကမှ အနားမယူမီ နောက်ဆုံးယှဉ်ပြိုင်မှုတစ်ခုအဖြစ် ကမ္ဘာ့ပြေးခုန်ပစ်ချန်ပီယံ ပြိုင်ပွဲ (World Athletics Championships) တွင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဇူလိုင်လ ၁၉ ရက်တွင်အတည်ပြုပြောကြားလိုက်သည်။
အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ) ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ က အိန္ဒိယ နိုင်ငံ သည် ဇူလိုင်လ ၁၉ ရက်နေ့၌ ကက်ရှမီးယား ဒေသရှိ ပါကစ္စတန် တပ်ဖွဲ့ကို အကြောင်းမဲ့ ပစ်ခတ်မှု ဆောင်ရွက်ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ မှ...