Connect with us

Asia

အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၉ဦးသေ၊ ၈ဦး ဒဏ်ရာရရှိ

အိန္ဒိယတွင်ဧပြီ ၂၆ရက် က ဖြစ်ပွားခဲ့သည့် ကျောင်းကားတစ်စီး နှင့် ရထားတစ်စီးတိုက်မိမှုဖြစ်စဉ်အား တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

Uttar Pradesh ပြည်နယ် မြို့တော် Lucknow မြို့ မြောက်ဘက် ၁၂၉ကီလိုမီတာခန့်အကွာ Lakhimpur Kheri ခရိုင်ရှိ အဝေးပြေးလမ်းမပေါ်တွင် နံနက်ပိုင်းက ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲအရာရှိတစ်ဦးက ခရီးသည် ၁၇ဦးတင်ဆောင်လာသော ဗင်ကားတစ်စီးသည် အမျိုးသားအဝေးပြေးလမ်းမ အမှတ် ၁၄ပေါ်တွင် ရပ်နားထားသည့် ကုန်တင်ယာဉ်တစ်စီးအား ဧပြီ ၂၈ ရက် နံနက်ပိုင်းတွင် ဝင်တိုက်မိပြီး ခရီးသည် ၉ဦးသေဆုံးခဲ့ကာ အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို Shahjahanpur မြို့ရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်းပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ယင်းယာဉ်မတော်တဆမှုဖြစ်ပွားရခြင်းအကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဧပြီ ၂၆ရက်တွင်လည်း ပြည်နယ်အတွင်းရှိ Kushinagar ခရိုင်တွင် ကျောင်းကားတစ်စီး နှင့် ရထားတစ်စီးတိုက်မိရာ ကလေး ၁၃ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117