Connect with us

Asia

ဗီယက်နမ်နိုင်ငံ၌ ATM ကဒ် ၄၀၀ ခန့် ဟက် (Hack) ခံရ

ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Agribank) ATM စက်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟနွိုင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Agribank) ၌ မှတ်ပုံတင်ထားသော ATM ကဒ် ၄၀၀ ခန့်မှာ ဟက် (Hack) ခံလိုက်ရကြောင်းနှင့် ငွေကြေးများ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဧပြီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီလ ၂၆ ရက် သန်ခေါင်ယံမရောက်မီ ၆ မိနစ်အတွင်း ဗီယက်နမ်ငွေကြေး ဒေါင် ၂၄ သန်း (အမေရိကန်ဒေါ်လာ ၁၀၅၇) ကျော်ကို ငွေထုတ်ယူမှု ရှစ်ကြိမ်ဖြင့် Agribank ATM အကောင့်တစ်ခုမှ ပိုင်ရှင်မသိဘဲ ထုတ်ယူမှုဖြစ်ပွားခဲ့ကြောင်း Tuoi Tre (Youth) နေ့စဉ် သတင်းစာက ရေးသားခဲ့သည်။

ယင်းနေ့ တစ်နေ့တည်းမှာပင် ဗီယက်နမ်နေ့စဉ်သတင်းစာ Nhan Dan (People) ၏ ဝန်ထမ်း ၁၀ ဦးနီးပါးကလည်း ၎င်းတို့၏ Agribank ATM အကောင့်များမှ ၎င်းတို့ မသိရှိဘဲ ငွေထုတ်ယူမှုများ ဖြစ်ပွားခဲ့ကြောင်း Zing အွန်လိုင်းနေ့စဉ်သတင်းစာက ဖော်ပြခဲ့သည်။

Agribank ကလည်း အဆိုပါ အကောင့်များအားလုံးကို ပိတ်ခဲ့ပြီး ထိုသို့ ဖြစ်ပွားရခြင်း အကြောင်းအား ရှာဖွေကာ အဖြေထုတ်သွားမည်ဟု ဆိုသည်။

ဒေသတွင် သတင်းအချက်အလက် နည်းပညာကျွမ်းကျင်သူများအဆိုအရ ပြစ်မှုကျူးလွန်သူများသည် Agribank ဘဏ်အကောင့်ပိုင်ရှင်များ၏ လျှို့ဝှက်နံပါတ်များ ရရှိရန် ATM စက်များရှိ လျှို့ဝှက် Device များအား တိုက်ခိုက်ခဲ့ပြီး ကဒ်အတုများ ပြုလုပ်ကာ ငွေထုတ်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117