Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံက မေလတွင် နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာနေရာအား ပွင့်လင်းစွာ ပိတ်သွားမည်ဟုဆို

မြောက်ကိုရီးယားနိုင်ငံ Yongbyon နယ်မြေရှိ Yongbyon nuclear complex ၏ cooling tower အား ၂၀၀၈ ခုနှစ်က ဖြိုချခံရသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ ဧပြီ ၂၉ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်က ၎င်းတို့နိုင်ငံ၏ နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာနေရာအား မေလတွင် ပွင့်လင်းစွာ ပိတ်သွားမည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က ဧပြီလ ၂၉ ရက်တွင် ပြောကြားလိုက်သည်။

ဧပြီလ ၂၇ ရက်နေ့ ကိုရီးယားနှစ်နိုင်ငံ ထိပ်သီးအစည်းအဝေးအတွင်း ကင်က မွန်အား နျူကလီးယား စမ်းသပ်မှုပြုလုပ်ရာ နေရာကို ပိတ်သိမ်းရာတွင် နိုင်ငံတကာ အသိုင်းအဝိုင်းသို့ ပွင့်လင်းမြင်သာမှုရှိစွာ အကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ အဆင့်မြင့် ပြန်ကြားရေးဝန်ကြီး ယွန်းရောင်-ချန်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထိုသို့ ပွင့်လင်းမြင်သာမှုရှိစွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကင်က တောင်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံမှ ကျွမ်းကျင်သူများနှင့် သတင်းထောက်များအား ဖိတ်ကြားသွားမည်ဟု ဆိုသည်။မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှု ခြောက်ကြိမ်ပြုလုပ်ခဲ့ရာ ယင်းစမ်းသပ်မှုများအားလုံးကို နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Punggye-ri စမ်းသပ်စခန်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117