Khost ၊ အာဖဂန်နစ္စတန်၊ မတ် ၁၈ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Khost ပြည်နယ်တွင် ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကလေးငယ် တစ်ဦး သေဆုံးပြီး အခြား ကလေးငယ် ၁၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က မတ် ၁၈ ရက်တွင်...
မနီလာ၊ မတ် ၁၈ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ရှိ ဟိုတယ်တစ်ခုတွင် ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးဘေးအန္တရာယ်ကာကွယ်ရေးဗျူရို (BFP) က ပြောကြားခဲ့သည်။
မနီလာ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ လုဇုန်ကျွန်း(Luzon)၊ ဘုလ်ခန်(Bulacan)ပြည်နယ်တွင် လေယာဉ်ငယ်တစ်စင်း လူနေအိမ်ပေါ် သို့ပျက်ကျကာ မီးလောင်ကျွမ်းခဲ့သောကြောင့် လေယာဉ်ပေါ်ရှိ လူ ၆ ဦး နှင့် အိမ်တွင်းရှိ လူ ၁ ဦး သေဆုံးခဲ့ ကြောင်း ဖိလစ်ပိုင်လုံခြုံရေးရဲတပ်ဖွဲ့က ဆိုပါသည်။
မော်စကို၊ မတ် ၁၇ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံသည် မော်စကိုမြို့ရှိ ဗြိတိန်နိုင်ငံသံရုံးမှ သံတမန် ၂၃ဦးကို နှင်ထုတ်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန က မတ် ၁၇ရက်တွင် ကြေညာခဲ့သည်။ (Xinhua)
ဆိုးလ် ၊ မတ်လ ၁၇ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားကျွန်းဆွယ်အဏုမြူကင်းမဲ့ရေးအတွက် တောင်ကိုရီးယားနှင့်အမေရိကန်တို့ အနီးကပ် ပူးပေါင်း ဆောင်ရွက်များပြုလုပ်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်နှင့် အမေရိကန်သမ္မတ ထရန့်တို့က မတ်လ ၁၆ ရက်နေ့တွင် ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့သည်ဟုသိရှိရသည်။ထို့အပြင် တောင်ကိုရီး ယား-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေး၊ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးများ ပြုလုပ်ရန်နှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
ကုလသမဂ္ဂ ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ) ယီမင်တွင် လူသားချင်းစာနာထောက်ထားမှုများ ဆက်လက်ယိုယွင်းနေသည့်အပေါ် အထူးစိုးရိမ်ပူပန် မိကြောင်းနှင့် ပဋ္ဋိပက္ခအဖွဲ့အစည်းများက ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တွင် ပါဝင်ညှိနှိုင်းဆွေးနွေး ကြရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဌ၏ကြေညာချက်တွင် ဖော်ပြထားပါ သည်။
ဒိုဟာ၊ မတ် ၁၆ ရက် (ဆင်ဟွာ) ကာတာနိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သက်သာချောင်ချိရေး နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (UNRWA) ထံ အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ကြောင်း အာဏာပိုင်တစ်ဦးက မတ် ၁၅ရက်တွင်ပြောကြားခဲ့သည်။
ဘဂ္ဂဒတ်၊ ဝါရှင်တန်၊ မတ် ၁၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းသည် အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ ၇ ဦးလုံး သေဆုံးသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ တာဝန်ရှိသူများက မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ မတ်လ ၁၆ ရက်(ဆင်ဟွာ) မိုင်ယာမီမြို့အနောက်ဘက်ရှိ ဖလော်ရီဒါ နိုင်ငံတကာတက္ကသိုလ် အနီးတွင် ဆောက်လုပ်နေဆဲ လူကူးတံတားတစ်စင်း မတ်လ ၁၅ ရက်နေ့က ပြိုကျမှုဖြစ်ပွားခဲ့သည်။
ပြုံယမ်း၊ မတ် ၁၆ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho သည် မတ် ၁၅ရက်တွင် ဆွီဒင်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် ထွက်ခွာသွားခဲ့ကြောင်း နိုင်ငံပိုင် Korean Central News Agency (KCNA) သတင်းဋ္ဌာနက မတ် ၁၆ရက်တွင်ဖော်ပြခဲ့သည်။