Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ရှိ ဟိုတယ် မီးလောင်ကျွမ်း၊ လူ ၄ ဦးဒဏ်ရာရ


မနီလာ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ရှိ ဟိုတယ်တစ်ခုတွင် ယနေ့ (မတ်လ ၁၈ ရက်) နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း မီးဘေးအန္တရာယ်ကာကွယ်ရေးဗျူရို (BFP) က ပြောကြားခဲ့သည်။

မီးလောင်မှုကြောင့် သတိလစ်သွားသူ အနည်းဆုံး ၄ ဦးရှိပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရကြောင်း ဒေသတွင်းရေဒီယိုက သတင်းတင်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ရှိ Manila Pavilion Hotel နှင့် ကာစီနို အဆောက်အအုံ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာမြို့ရှိ Manila Pavilion Hotel နှင့် ကာစီနို အဆောက်အအုံ မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ မီးသည် ဒေသစံတော်ချိန် နံနက် ၉း၃၀ နာရီခန့်က စတင်လောင်ကျွမ်းခဲ့ပြီး မနီလာမြို့ရှိ United Nations Avenue တစ်လျှောက်ရှိ Manila Pavilion Hotel နှင့် ကာစီနို အဆောက်အအုံ ပျက်စီးသွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းရသည့် အကြောင်းရင်းအား မသိရှိရသေးပေ။ (Xinhua)