Connect with us

Africa & Middle East

အီရတ်နိုင်ငံတွင် အမေရိကန် စစ်ရဟတ်ယာဉ် ပျက်ကျ

စစ်ရဟတ်ယာဉ် တစ်စင်း ပျံသန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒတ်၊ ဝါရှင်တန်၊ မတ် ၁၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စစ်ရဟတ်ယာဉ် တစ်စင်းသည် အီရတ်နိုင်ငံ အနောက်ပိုင်းတွင် ပျက်ကျခဲ့ပြီး လေယာဉ်ပေါ်ပါလာသူ ၇ ဦးလုံး သေဆုံးသွားခဲ့ကြောင်း အမေရိကန်နိုင်ငံ တာဝန်ရှိသူများက မတ်လ ၁၅ ရက်တွင် ပြောကြားလိုက်သည်။

လေယာဉ်ပျက်ကျရာ နေရာသို့ ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်ကြောင်း အမေရိကန် ဗဟို လေတပ်စခန်းဌာနချုပ်က ကြေညာချက်၌ ပြောကြားထားသည်။

အဆိုပါ လေယာဉ်သည် HH-60 Pave Hawk ရဟတ်ယာဉ်အမျိုးအစားဖြစ်ပြီး ဆီးရီးယားနယ်စပ်အနီး Anbar ပြည်နယ်တွင် ပျက်ကျခဲ့ခြင်း ဖြစ်ကြောင်း ကနဦးသတင်းများ၌ အမေရိကန် အရာရှိက ပြောခဲ့သည်။

“လေယာဉ် ပျက်ကျရတဲ့ အကြောင်းရင်းကို သိဖို့ စုံစမ်းစစ်ဆေးမှု လုပ်သွားမှာဖြစ်တယ်” ဟု သတင်းထုတ်ပြန်ချက်တွင် အမေရိကန် ဗဟို လေတပ်စခန်းက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.