Connect with us

Africa & Middle East

ပါလက်စတိုင်းနိုင်ငံသားများအား ထောက်ပံ့ရန် ကာတာနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်း

ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သက်သာချောင်ချိရေး နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (UNRWA) တံဆိပ်အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဒိုဟာ၊ မတ် ၁၆ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံသည် ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ သက်သာချောင်ချိရေး နှင့် အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ (UNRWA) ထံ အမေရိကန်ဒေါ်လာ သန်း ၅၀ လှူဒါန်းခဲ့ကြောင်း အာဏာပိုင်တစ်ဦးက မတ် ၁၅ရက်တွင်ပြောကြားခဲ့သည်။

အစိုးရ ဆက်သွယ်ရေးဋ္ဌာန နှင့် ကာတာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန က အီတလီနိုင်ငံ ရောမမြို့တွင် ပြုလုပ်သည့် ပုံမှန်မဟုတ်သော UNRWA ၏ ဝန်ကြီးများအစည်းအဝေးပွဲ ကာလအတွင်း ယင်းလှူဒါန်းမှု ထွက်ပေါ်လာခြင်းဖြစ်ပြီး အစည်းအဝေးပွဲသို့ ကုသလမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် တက်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆက်တွဲအနေဖြင့် ကာတာနိုင်ငံက UNRWA မှ ဆောင်ရွက်သည့် ငွေကြေးဆိုင်ရာ စီမံကိန်းများ အထူးသဖြင့် ပညာရေး နှင့် ကျန်းမာရေး ကဏ္ဍများတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ဖေဖော်ဝါရီလတွင် ကာတာနိုင်ငံသည် ဂါဇာကမ်းမြှောင်ဒေသအတွင်း အမေရိကန်ဒေါ်လာ ၉သန်းဖိုး တန်ဖိုးရှိသည့် ဆေးဝါးများ၊ ဆေးကုသရေး အထောက်အပံ့ပစ္စည်းများ၊ စားစရာများ၊ ဆေးရုံ မီးစက်များမောင်းနှင်ရန် လောင်စာဆီများ ထောက်ပံ့ခဲ့ကြောင်း ကြေညာခဲ့သည်။

ကာတာနိုင်ငံ သည် အိမ်နီးချင်း ပင်လယ်ကွေ့နိုင်ငံများ၏ ကိုးလတာ ပိတ်ဆို့တားဆီးမှုဒဏ်ကို ခံနေရပြီး အရှေ့အလယ်ပိုင်းဒေသတွင် ဟစ်ဇဘိုလာ၊ မူဆလင်ညီနောင်များ၊ ဟားမတ်စ် အစရှိသည့် အစွန်းရောက် နိုင်ငံရေး လှုပ်ရှားမှုများကို အထောက်အပံ့ပေးနေကြောင်း ပင်လယ်ကွေ့နိုင်ငံများက စွပ်စွဲခဲ့ကြသည်။

ကာတာနိုင်ငံက ယင်းစွပ်စွဲချက်များကို ငြင်းဆန်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.