လန်ဒန်၊ မတ် ၁၄ ရက် (ဆင်ဟွာ) နာမည်ကျော် ရူပဗေဒပညာရှင် စတီဗင် ဟော့ကင်း (Stephen Hawking) သည် အသက် ၇၆ နှစ်အရွယ်တွင် ၎င်း၏ နေအိမ်၌ ကွယ်လွန်သွားကြောင်း မိသားစု၏ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက မတ်လ ၁၄ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ရက်စ်တေလာဆန် (Rex Tillerson)အား ရာထူးမှ ဖယ်ရှားပြီး ယင်းရာထူးအတွက် CIA ထောက်လှမ်းရေး အဖွဲ့ညွှန်ကြားရေးမှူး Mike Pompeo ဖြင့်အစားထိုး ခန့် အပ်သွားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ ၁၃...
အာပူဂျာ ၊ မတ် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်က နိုင်ဂျီးရီယားနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က မတ်လ ၁၂ ရက်နေ့ နိုင်ဂျီးရီးယားမြို့တော် အာပူဂျာတွင် ပြောကြားခဲ့သည်။
အာမန်၊ မတ် ၁၃ ရက် (ဆင်ဟွာ) ဂျော်ဒန်က မိမိနိုင်ငံ၏စက်မှုလုပ်ငန်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် တူရကီ နှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျော်ဒန်အစိုးရက မတ်လ ၁၂ ရက်နေ့ ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။
ခတ္တမန္ဒူ ၊ မတ် ၁၂ ရက်(ဆင်ဟွာ) နီပေါ နိုင်ငံ ၊ ခတ္တမန္ဒူ လေဆိပ် အနီး၌ မီးလောင်ကျွမ်း ပျက်ကျသွားသော ဘင်္ဂလားဒေ့ရှ် ခရီးသည်တင် လေယာဉ် ပေါ် လိုက်ပါလာသူများ အနက် ၄၉ ဦး သေဆုံးပြီး ၁၇ ဦး ထိခိုက် ဒဏ်ရာ...
ခေတ္တမန္ဒူ ၊ မတ် ၁၂ ရက် (ဆင်ဟွာ) နီပေါနိုင်ငံ မြို့တော် ခေတ္တမန္ဒူလေဆိပ်အနီး၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးတည်ပျံသန်းလာသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယနေ့( မတ်လ ၁၂ ရက် ) မွန်းလွဲပိုင်းတွင် မြေပြင်သို့ဆင်းသက်စဉ် မီးလောင်ပျက်ကျမှု ဖြစ်ပွားခဲ့ကြောင်း နှင့် လက်ရှိတွင်သေဆုံးဒဏ်ရာရမှု အခြေအနေအား အသေးစိတ်မသိရှိရသေးကြောင်း သိရသည်။
တီဟီရန်၊ မတ် ၁၂ ရက် (ဆင်ဟွာ) အီရန်နိုင်ငံတွင် မတ် ၁၁ရက်က တူရကီလေယာဉ်တစ်စီးပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသူ ၁၁ဦးစလုံး သေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်အဖွဲ့အစည်းက ကြေညာခဲ့သည်။
ဗီယင်နာ၊ မတ် ၁၂ ရက် (ဆင်ဟွာ) သြစကြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ သြစတြီးယားနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးနေအိမ်တွင် မတ်လ ၁၁ ရက် ညပိုင်းက အသက် ၂၆ နှစ်အရွယ်သြစတြီးယာားအမျိုးသားတစ်ဦးမှ သံအမတ်အိမ်တော် လုံခြုံရေးသမားတစ်ဦး အား ဓားဖြင့် တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘာ့တ်၊ မတ် ၁၂ ရက် (ဆင်ဟွာ) တောင်အာဖရိကနိုင်ငံ ကိတ်တောင်း စက်ဘီးစီး ပြိုင်ပွဲ၏ ပွဲစီစဉ်သူများက ၂၀၁၈ခုနှစ် ပြိုင်ပွဲ အတွင်း ပြိုင်ပွဲဝင် ၂ဦးသေဆုံးခဲ့ကြောင်း မတ် ၁၁ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
စတော့ဟုမ်း ၊ မတ် ၁၂ ရက်(ဆင်ဟွာ) လွန်ခဲ့သော ဆယ်နှစ်တာကာလအတွင်း စစ်ပွဲ နှင့် ပဋိပက္ခများဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းဒေသသို့လက်နက်တင်ပို့မှုမှာ နှစ်ဆကျော်မြင့်တက်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် သုတေသနအဖွဲ့တစ်ခုက ယနေ့မတ်လ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။