Connect with us

Asia

ဂျော်ဒန်က တူရကီနှင့် လွတ်လပ်စွာကုန်သွယ်မှုကို ရပ်ဆိုင်း

တူရကီ နိုင်ငံခြားရေးဝန်ကြီး Cavusoglu အား မြင်တွေ့ရစဉ် (ဆင်ဟွာ)

အာမန်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

ဂျော်ဒန်က မိမိနိုင်ငံ၏စက်မှုလုပ်ငန်းနှင့်လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖွံ့ဖြိုးရေးကို မြှင့်တင်ရန်အတွက် တူရကီ နှင့်လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုကို ခေတ္တရပ်ဆိုင်းမည်ဖြစ်ကြောင်း ဂျော်ဒန်အစိုးရက မတ်လ ၁၂ ရက်နေ့ ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

တူရကီအစိုးရ၏ကူညီထောက်ပံ့မှုဖြင့် တူရကီကုန်ပစ္စည်းများ ဂျော်ဒန်ဈေးကွက်တွင် မတရားနေရာယူကာ ၎င်းနိုင်ငံထုတ်ကုန်ပစ္စည်းများ၏ဈေးကွက်ယှဉ်ပြိုင်မှုအားနည်းအောင်လုပ်ဆောင်နေခြင်းကို မလိုလားကြောင်း၊ ဂျော်ဒန်အစိုးရအနေဖြင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီမှုအားလုံးကို ပြန်လည်သုံးသပ်နေပြီဖြစ် ကြောင်း၊ ၎င်းသဘောတူညီချက်များမှာ ဂျော်ဒန်၏စီးပွားရေးကို အမှန်တကယ် အကျိုးပြုနိုင်ရန်မျှော်လင့် ကြောင်း ဂျော်ဒန်အစိုးရ၏ထုတ်ပြန်ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။

တူရကီနိုင်ငံခြားရေးဝန်ကြီး Cavusoglu ဖေဖော်ဝါရီလ လကုန်ပိုင်းက ဂျော်ဒန်သို့လာရောက်လည်ပတ်စဉ်တွင် နှစ်နိုင်ငံကုန်သွယ်ရေးနယ်ပယ်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်များဆွေးနွေးခဲ့ပြီး ဂျော်ဒန်ကုန်ပစ္စည်းများ တူရကီသို့ တင်ပို့မှုကို မြှင့်တင်ရန် ယခုလိုကုန်သွယ်ရေးသဘောတူညီချက်ကို ပြင်ဆင်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

နှစ်နိုင်ငံလွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်ကို ၂၀၁၁ ခုနှစ်က ချုပ်ဆိုခဲ့ပြီးနောက် တူရကီကုန်ပစ္စည်း များ ဂျော်ဒန်သို့အမြောက်အများဝင်ရောက်ခဲ့သော်လည်း ဂျော်ဒန်တွင် တူရကီ၏ရင်းနှီးမြုပ်နှံမှုများ သိသိသာ သာ တိုးမြင့်မှုမရှိဖြစ်နေခဲ့သောကြောင့် ဂျော်ဒန်စက်မှုလုပ်ငန်းအသင်းနှင့်အခြားလုပ်ငန်းရှင်များအသင်းက ကုန်သွယ်ရေးသဘောတူညီချက်ကို ပြင်ဆင်ရပ်နားရန် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.