Connect with us

Africa & Middle East

အမေရိကန်က နိုင်ဂျီးရီယားနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်

ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်းက စာသင်ကျောင်းတစ်ကျောင်းအား ၀င်ရောက် တိုက်ခိုက်စဉ် (အင်တာနက်)

အာပူဂျာ ၊ မတ် ၁၃ ရက် (ဆင်ဟွာ)

အမေရိကန်က နိုင်ဂျီးရီယားနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တီလာဆန်က မတ်လ ၁၂ ရက်နေ့ နိုင်ဂျီးရီးယားမြို့တော် အာပူဂျာတွင် ပြောကြားခဲ့သည်။

ထိုနေ့တွင် တီလာဆန်နှင့် နိုင်ဂျီးရီယား သမ္မတ ပူဟာရီတို့တွေ့ဆုံဆွေးနွေးကြစဉ် မစ္စတာ ပူတာရီက ယခုနှစ် ဖေဖော်ဝါရီလတွင် နိုင်ဂျီးရီယား အရှေ့မြောက်ပိုင်းရှိ ကျောင်းသူ အယောက်(၁၁၀)သည် ဘိုကိုဟာရမ်(Boko Haram)အစွန်းရောက်အဖွဲ့အစည်းက စာသင်ကျောင်းတစ်ကျောင်းအားဝင်တိုက်ခိုက်ပြီးနောက် ပျောက်ဆုံးခဲ့ သည်ဟု ဆိုပါသည်။

အမေရိကန်က နိုင်ဂျီးရီယားအတွက် လုံခြုံရေးပစ္စည်းများ ပံ့ပိုးပေးလိုကြောင်းနှင့် သက်ဆိုင်ရာသတင်းအချက် အလက်များ မျှဝေပေးလိုကြောင်း ၊ထို့အပြင် ပြန်ပေးဆွဲခံရသူများအား ကူညီကယ်ဆယ်နိုင်ရန်အတွက် နိုင်ဂျီးရီယားလုံခြုံရေးများကို လေ့ကျင့်ပေးမည်ဟု တီလာဆန်ကဆိုသည်။

နိုင်ဂျီးရီယားသည် တီလာဆန်၏ယခုတစ်ကြိမ် အာဖရိကတိုက် ၅ နိုင်ငံ ခရီးစဉ်၏နောက်ဆုံးခရီးစဉ်ဖြစ်သည်။ နိုင်ဂျီးရီယားအပြင် အီသီယိုးပီးယား၊ ဂျီဘူတီ၊ ကင်ညာ၊ ချဒ် နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.