ဆစ်ဒနီ ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန် နိုင်ငံ ငလျင်တိုင်းတာရေးဌာန ထုတ်ပြန်ခဲ့သည့် အချက်အလက် အရ အောက်တိုဘာ ၃၁ ရက်နေ့၌ တောင်ပစိဖိတ် သမုဒ္ဒရာ အတွင်းရှိ နယူး ကယ်လီဒိုးနီးယား အနီး ပင်လယ်ပြင်တွင် ရစ်(ခ်)တာစကေး (၆.၈)အဆင့် ရှိသော ငလျင်...
အစ္စလာမ်မာဘတ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံ နယ်စပ်ချင်း အပြန်အလှန် ပစ်ခတ်ခြင်းကြောင့် တင်းမာမှုမျာအား လျှော့ချသည့်အနေဖြင့် အိန္ဒိယ ငါးဖမ်းလုပ်သား ၆၈ ဦးအား ပါကစ္စတန်က အောက်တိုဘာလ ၂၉ ရက်တွင် ပြန်လွှတ်ပေးလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟီမာချယ်ပရာဒတ်ရှ်ပြည်နယ်၌ ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ (အောက်တိုဘာလ ၂၉ ရက်) တွင် ပြောကြားလိုက်သည်။
ဘိုဂိုတာ၊ အောက်တိုဘာလ ၂၈ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ၌ သစ်ပင် တစ်ပင်အောက်တွင် မုန်တိုင်းဒဏ်မှ ရှောင်ရှားရန် နားခိုရာ ရှာဖွေနေသည့် သားအဖ နှစ်ဦးမှာ မိုးကြိုး ထိမှန်ကာ သေဆုံးခဲ့ကြောင်း ကိုလံဘီယာ မီဒီယာက အောက်တိုဘာလ ၂၈ ရက်က သတင်းဖော်ပြခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံတစ်ဝန်းမှ အနက်ရောင်ဝတ်ဆင်ထားသော ထိုင်းလူမျိုး သန်းပေါင်းများစွာ နှင့် နိုင်ငံတကာမှ အခြားပြည်သူများသည် ထိုင်းဘုရင်ဟောင်း ဘူမိဘော အဒူလျာဒက်၏ သမိုင်းဝင် မီးသဂြိုလ်ခြင်း ဈာပနအခမ်းအနားသို့ အောက်တိုဘာ ၂၆ ရက်က တက်ရောက်ဂါရဝပြုခဲ့ကြောင်း သိရသည်။
ဂျကာတာ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာအနီး Tanggerang မြို့ရှိ မီးရှူးမီးပန်းစက်ရုံ တစ်ရုံတွင် အောက်တိုဘာလ ၂၆ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အလုပ်သမား ၃၂ ဦးသေဆုံးပြီး အခြားသူ ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မီးသတ်သမား...
ဟယ်ဆင်ကီ၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) ဖင်လန်နိုင်ငံတောင်ပိုင်း တွင် အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ရထားတစ်စီး နှင့် သံချပ်ကာစစ်ကားတစ်စီး တိုက်မိခဲ့ရာ လူအများအပြားသေဆုံးခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ အောက်တိုဘာ ၂၆ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှိသော ကက်တလန်နီးယားဒေသသည် စပိန်မှ လွတ်လပ်ရေးယူမည်ဟူသော စိုးရိမ်မှုများကြောင့် ကုမ္ပဏီ ၁,၅၀၁ ခု ရုပ်သိမ်းခဲ့ကြကြောင်း စပိန်နိုင်ငံ ကုန်သွယ်မှု မှတ်ပုံတင်ခြင်းဆိုင်ရာ ကောလိပ်မှ သတင်းရင်းမြစ်များအား ကိုးကား၍ ဒေသတွင်း မီဒီယာက လတ်တလော သတင်းတင်ပြထားသည်။
ရီယာ့ဒ်၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသည် ယီမင်နိုင်ငံရှိ IS စစ်သွေးကြွများ နှင့် အာရေဗျကျွန်းဆွယ် ရှိ အယ်ကိုင်ဒါများကို ငွေကြေး နှင့် အခြားထောက်ပံ့မှုများပြုလုပ်ပေးနေသည့် ယီမင်နိုင်ငံ မှ လူပုဂ္ဂိုလ် ၁၁ဦး နှင့် အဖွဲ့အစည်း ၂ခုကို အောက်တိုဘာ ၁၅ ရက်တွင်...
လောစ့်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၃၃ဝ ချမှတ်လိုက်ကြောင်း Tulare ခရိုင် အစိုးရရှေ့နေရုံးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။