Connect with us

Africa & Middle East

ပျောက်ဆုံးနေသည့် နိုင်ဂျီးရီးယားကျောင်းသူ ၁၁၁ဦးကို ထိန်းသိမ်းထားကြောင်း ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ အတည်ပြုပြောကြား

ဘိုကိုဟာရမ် အကြမ်းဖက်သမားများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အဘူဂျာ၊ မတ် ၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယား အကြမ်းဖက်အဖွဲ့တစ်ခု ဖြစ်သည့် ဘိုကိုဟာရမ်အဖွဲ့ခွဲ က နိုင်ငံအရှေ့မြောက်ပိုင်း Dapchiမြို့ မှ ပျောက်ဆုံးနေသော ကျောင်းသူ ၁၁၀ဦးကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့ပြီး ကြားဝင်ညှိနှိုင်းပေးသူ က ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန်အတွက် စစ်တပ်အရာရှိများ နှင့် ဘိုကိုဟာရမ်တပ်မှူးများ အတူတကွတွေ့ဆုံကြရန် မတ်၂ ရက်က တိုက်တွန်းပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မတည်ငြိမ်သောဒေသတွင် ထင်ရှားသည့် လူ့အခွင့်အရေးလှုပ်ရှားသူ နှင့် ရှေ့နေတစ်ဦးဖြစ်သူ Aisha Alkali Wakil က ဘိုကိုဟာရမ်အဖွဲ့ခွဲခေါင်းဆောင် Abu Musab Al-Barnawi သည် မတ်လ ၁ရက်တွင် ၎င်းအား ဆက်သွယ်လာပြီး ကျောင်းသူများကို ထိန်းသိမ်းထားကြောင်း အတည်ပြုခဲ့သည်ဟု ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားတွင် ဘိုကိုဟာရမ်တို့၏ မိခင်အဖြစ် ခေါ်ဆိုကြသော Wakil ၏ပြောကြားချက်အရ မိန်းကလေးများ ဘေးကင်းလုံခြုံမှုရှိပြီး ကျန်းမာရေးအခြေအနေ ကောင်းမွန်ကြောင်း သိရသည်။Wakil က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့ခွဲ၏ ခေါင်းဆောင် Al-Barnawi သည် ကျောင်းသူများအား အန္တရာယ်ပေးခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်မည်မဟုတ်ဟု ၎င်းအား ကတိပေးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဋ္ဌာနသို့ပြောကြားခဲ့သည်။

ယခုရက်သတ္တပတ် အစောပိုင်းတွင် Wakil က ပြန်ပေးဆွဲသူ မည်သူဖြစ်ကြောင်း ဖော်ထုတ်ပေးခဲ့ပြီး ကျောင်းသူများအား ပြန်လွှတ်ပေးရန် လူသိရှင်ကြားတိုက်တွန်းခဲ့ကြောင်း သိရသည်။ဘိုကိုဟာရမ်အဖွဲ့ခွဲ နှင့် စကားပြောဆိုမှု အသေးစိတ်အချက်အလက်များအား ပြောကြားရာတွင် Wakil က ၂၀၁၄ခုနှစ်တွင် ဘိုကိုဟာရမ်အဖွဲ့က Chibok ကျောင်းသူများအား ပြန်ပေးဆွဲခဲ့သလို ယခုကျောင်းသူများအား အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားခြင်းမပြုလုပ်ရန် တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အတိတ်ကာလတွင် Wakil သည် ဘိုကိုဟာရမ်ခေါင်းဆောင်ပိုင်းထံ ဖုန်းဖြင့် ဆက်သွယ်၍ ဓားစားခံအချို့အား လွတ်မြောက်စေခြင်းဖြင့် လူအများ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ကြောင်း သိရသည်။၂၀၀၉ခုနှစ် မှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများဖြင့် ဘိုကိုဟာရမ်အကြမ်းဖက်အုပ်စုသည် အပြစ်မဲ့ပြည်သူ ၂၀,၀၀၀ကျော်ကို သတ်ဖြတ်ခဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က ယုံကြည်ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117