Connect with us

Asia

အဇာဘိုင်ဂျန်နိုင်ငံရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ မီးလောင်ကျွမ်းမှုကြောင့် လူ ၂၄ ဦး သေဆုံး

အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဘာကူ၊ မတ် ၂ ရက် (ဆင်ဟွာ)

အဇာဘိုင်ဂျန်နိုင်ငံ မြို့တော်ရှိ မူးယစ်ဆေးဝါး ပြန်လည်ထူထောင်ရေးစင်တာ တစ်ခုတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၂၄ ဦး သေဆုံးခဲ့ကြောင်း မတ်လ ၂ ရက်တွင် ထုတ်ပြန်လိုက်သည့် ပူးတွဲကြေညာချက်၌ အာဏာပိုင်များက ပြောကြားလိုက်သည်။

ပြည်သူ့ တရားစီရင်ရေးရုံး၊ ကျန်းမာရေးဝန်ကြီးဋ္ဌာန၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် အရေးပေါ်လုပ်ငန်း ဝန်ကြီးဋ္ဌာနတို့မှ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

မီးလောင်မှုမှ လူ ၃၄ ဦးအား ကယ်တင်နိုင်ခဲ့ပြီး သုံးဦးအား ဆေးရုံတင်ခဲ့ရကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းသည့်နေရာသို့ မီးသတ်သမားများ ချက်ချင်းရောက်ရှိသွားကာ မီး ငြှိမ်းသတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အစောပိုင်းသတင်းများ၌ မီးလောင်ကျွမ်းမှုကြောင့် အနည်းဆုံး လူ ၃၀ ဦး သေဆုံးခဲ့ကြောင်း ရေးသားခဲ့ကြသည်။

အဇာဘိုင်ဂျန်နိုင်ငံ သမ္မတ Ilham Aliyev ၏ ညွှန်ကြားချက်အရ မီးလောင်မှုအား စုံစမ်းစစ်ဆေးရန် ပြည်သူ့ တရားစီရင်ရေးရုံး၊ ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် အရေးပေါ်လုပ်ငန်းဝန်ကြီးဋ္ဌာနတို့ ပါဝင်သည့် ပူးတွဲစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့ကာ စုံစမ်းစစ်ဆေးခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးချက်အရ အဆိုပါ အဆောက်အဦ လျှပ်စစ်ဝါယာကြိုးလိုင်းရှိ Short Circuit တစ်ခုကြောင့် မီးလောင်ကျွမ်းရခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.