Connect with us

North America

တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီကို တီထွင်

တရုတ်နိုင်ငံမှ သုတေသနပညာရှင် ဒေါက်တာ Xia Yong yao အား ဓာတ်ခွဲခန်း၌ တွေ့ရစဉ် (ဓါတ်ပုံ - အင်တာနက်)

ဝါရှင်တန်၊ မတ် ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှသိပ္ပံပညာရှင်များက -70 ဒီဂရီဆဲပ်စီးယပ်စ်တွင် အသုံးပြုနိုင်သည့် လီသီယမ်ဘက်ထရီ တစ်မျိုးကို တီထွင်နေပြီဖြစ်ရာ နောင်အနာဂတ်တွင် ကမ္ဘာ့အအေးဆုံးဒေသများအပြင် အာကာသတွင်ပါ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ ဖူတန့်တက္ကသိုလ်မှ သုတေသနပညာရှင် Xia Yong yao ဦးဆောင်သည့် သိပ္ပံပညာရှင်အဖွဲ့ တစ်ဖွဲ့က တီထွင်ခဲ့သော ၎င်းဘတ်ထရီအမျိုးအစားအသစ်မှာ အအေးလွန်ကဲသော နေရာတွင် အသုံးပြုနိုင်ရန် လျှပ်စစ်စီးဆင်းနိုင်သည့် Ethyl acetate ကို electrolytes အဖြစ် အသုံးပြုထားပြီး အော်ဂဲနစ်ဒြပ်ပေါင်းနှစ်မျိုး ဖြစ်သည့် PTPAn Cathode နှင့် PNTCDA anode ကို လျှပ်ကူးပစ္စည်း အဖြစ် အသုံးပြုထားကြောင်း နောက်ဆုံးထုတ်ဝေထားသော အမေရိကန် စွမ်းအင်ပညာရပ်ဆိုင်ရာ ဂျာနယ် Joule တွင် ဖော်ပြထားသည်။

သာမန်လီသီယမ်ဘတ်ထရီသည် အပူချိန် -20 ဒီဂရီဆဲပ်စီးယပ်စ် တွင် ၅၀ ရာခိုင်နှုန်းသာ အလုပ်ကောင်း ကောင်းလုပ်နိုင်ပြီး -40 ဒီဂရီဆဲပ်စီးယပ်စ်တွင် ၁၂ ရာခိုင်နှုန်းသာ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း၊ ရုရှား၊ ကနေဒါ ကဲ့သို့သော အအေးလွန်ကဲသည့်နိုင်ငံများတွင် အပူချိန်မှာ -50 ဒီဂရီဆဲပ်စီးယပ်စ် အထိရှိပြီး အာကာသတွင် အပူချိန်-157 ဒီဂရီဆဲပ်စီးယပ်စ် အထိရှိကြောင်း သိရသည်။

သာမန်လီသီယမ်ဘတ်ထရီတွင် အသုံးပြုထားသော လျှပ်ကူးပစ္စည်းများနှင့်နှိုင်းယှဉ်ပါက ယခုဘတ်ထရီ အသစ် တွင် အသုံးပြုထားသည့် ပစ္စည်းများသည် ပြည့်ပြည့်စုံစုံရှိပြီး အကုန်အကျသက်သာကာ သဘာ၀ ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း ကာကွယ်နိုင်ကြောင်း၊ ကုန်ကျစရိတ်မှာလည်း သာမန်လီသီယမ်ဘတ်ထရီ၏ သုံးပုံတစ်ပုံသာ ရှိမည်ဟု ခန့်မှန်းရကြောင်း Xia Yong yao က ဆိုသည်။ သို့သော်လည်း လီသီယမ်ဘတ်ထရီ အသစ်အား ကုန်ပစ္စည်းအဖြစ် ထုတ်လုပ်ရန်မှာ စိန်ခေါ်မှုများစွာ ရှိနေကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်ကို လည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် လိုအပ်နေသေးကြောင်း ၎င်းက ဆိုသည်။ (ဆင်ဟွာ)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.