Connect with us

Asia

မြောက်ကိုရီးယားနိုင်ငံသို့တောင်ကိုရီးယားနိုင်ငံသမ္မတ အထူးကိုယ်စားလှယ် စေလွှတ်မည်

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် အားတွေ့ ရစဉ်(ဆင်ဟွာ)

ဆိုးလ် ၊ မတ် ၂ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင်က မတ်လ ၁ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့်ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် ၎င်းအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် အလွန်နီးစပ်နေပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင်ကင်ဂျုံအမ်၏ ညီမဖြစ်သူ Kim Yo Jong သည် တောင်ကိုရီးယားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ပြီးနောက် ယခုကဲ့သို့တောင်ကိုရီးယားနိုင်ငံဘက်က မြောက်ကိုရီးယားနိုင်ငံသို့အထူးကိုယ်စားလှယ်စေလွှတ်ရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မွန်ဂျေအင်က ဒေါ်နယ်ထရမ့်အား ပြောကြားခဲ့သည်ဟု သမ္မတမွန်၏ အကြီးတန်းသတင်းပြန်ကြားရေးအတွင်းရေးမှူး Yoon Young-chan ကဆိုသည်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ်၏ ညီမဖြစ်သူ Kim Yo Jong သည် ၁၇ ရက်ကြာကျင်းပပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၂၅ ရက်က ပိတ်ပွဲကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက်ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားတက်ရောက်ရန် တောင်ကိုရီးယားနိုင်ငံသို့လာရောက်လည်ပတ်ခဲ့ခြင်းဖြစ်သည်။

၎င်း၏ သုံးရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း တောင်ကိုရီးယားသမ္မတမွန်ဂျေအင် နှင့်တွေ့ဆုံခဲ့ပြီး အဆင်ပြေသည့်အချိန်တွင် မြောက်ကိုရီးယားနိုင်ငံသို့လာရောက်လည်ပတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်၏ ဖိတ်ကြားလွှာကိုလည်း တောင်ကိုရီးယားသမ္မတထံပေးအပ်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.