လာဂို့စ်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Borno ပြည်နယ်တွင် ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု အဖွဲ့ဝင် ဟု သံသယရှိ၍ ဖမ်းဆီးထားသည့် လူ ၁,၂၇၁ဦးအား နိုင်ဂျီးရီးယားစစ်တပ် က ပြန်လွှတ်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၇ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ အစိုးရအဖွဲ့က အမေရိကန်နိုင်ငံသမ္မတရွေးကောက်ပွဲတွင် ရုရှားနိုင်ငံက ပါဝင်စွက်ဖက်နေသည်ဟူသော စွပ်စွဲချက်ကို ငြင်းဆိုလိုက်ပြီး ရုရှားအစိုးရအနေဖြင့် အမေရိကန်ရွေးကောက်ပွဲတွင် ပါဝင်စွက်ဖက်ရန်ကြံစည်ထားခြင်းမရှိသလို စွက်ဖက်ပိုင်ခွင့်လည်း မရှိကြောင်း ပြောကြားလိုက်သည်။
ဂျကာတာ ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Banten ပြည်နယ်၌ (ယနေ့)နိုဝင်ဘာလ ၈ ရက် နံနက်အစောပိုင်းက ပြင်းအား ၆.ဝ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ၊ သို့သော် ဆူနာမီသတိပေးမှုများ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း အင်ဒိုနီးရှားနိုင်ငံ မိုးလေဝသ နှင့် ဘူမိရူပဗေဒအေဂျင်စီက ပြောကြားခဲ့သည်။
နယူးယောက်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)
မက်ဒရစ် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ခရစ္စတီယာနိုရော်နယ်ဒိုက နောက်ထပ် ၁ဝ နှစ်ကျော်ကြာ ၎င်း၏ အသက် ၄၁ နှစ်အရွယ်အထိ ဘောလုံးဆက်ကစားသွားလိုကြောင်း နိုဝင်ဘာလ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။ပေါ်တူဂီနိုင်ငံလက်ရွေးစင်ကစားသမားရော်နယ်ဒိုက ရီယဲလ်မက်ဒရစ်အသင်းနှင့်ချုပ်ဆိုထားသော စာချုပ်မှာ ၂ဝ၂၁ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း နှင့် ယင်းအချိန်တွင် ၎င်း၏အသက်မှာ...
နယူးဒေလီ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အဓိက အတိုက်အခံ ခေါင်းဆောင် Congress ပါတီ အကြီးအကဲ ဆိုနီယာ ဂန္ဒီသည် ကျန်းမာရေး မကောင်းသည့်အတွက် ပါတီ၏ အမြင့်ဆုံး ဆုံးဖြတ်ချက်များ ချမှတ်နိုင်သည့် ဥက္ကဋ္ဌနေရာအား ဆုံးရှုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။
ဟနွိုင် ၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသ နှင့် အလယ်ပိုင်းကုန်းမြင့်ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု ဖြစ်ပွားနေရာ လူပေါင်း ၁၅ ဦးသေဆုံးပြီး ၆ ဦးပျောက်ဆုံးလျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ သဘာဝဘေးအန္တရာယ်ကြိုတင်တားဆီးရေးနှင့်ထိန်းချုပ်ရေးဌာနက နိုဝင်ဘာလ ၇ ရက်တွင် သတင်းထုတ်ပြန်သည်။
မက်ဒရစ်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ကမ္ဘာ့ ဘောလုံး အကျော်အမော် ခရစ္စတီယာနို ရော်နယ်ဒို (Christiano Ronaldo) နှင့် ၂၀၂၁ ခုနှစ် ဇွန်လကုန်ပိုင်းအထိ စာချုပ်ချုပ်ဆိုထားကြောင်း ရီးယဲမက်ဒရစ် ဘောလုံးကလပ်က နိုဝင်ဘာလ ၆ ရက်က အတည်ပြု ပြောကြားလိုက်ကြောင်း သိရသည်။
ဒါကာ၊ နိုဝင်ဘာ ၇ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံမြို့တော် ဒါကာမြို့ရှိ Hazrat Shahjalal အပြည်ပြည်ဆိုင်ရာ လေဆိပ် တွင် နိုဝင်ဘာ ၆ရက် က ဓားဖြင့်တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေး ဝန်ထမ်းတစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တီဟီရန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ Samarra မြို့ရှိ ကားပါကင်တစ်ခုတွင် နိုဝင်ဘာ ၆ရက်က အီရန်ဘုရားဖူးများအား အသေခံတိုက်ခိုက်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ အီရတ်နိုင်ငံသား ၁၀ဦးသေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဋ္ဌာန ကဖော်ပြခဲ့သည်။