Connect with us

Africa & Middle East

တန်ဇန်းနီးယားရှိ မီးတောင်ထိပ်ဝအတွင်း လေယာဉ်တစ်စီးပျက်ကျရာ လူ ၁၁ဦးသေဆုံး

Cassna Caravan အမျိုးအစားလေယာဉ် ပုံစံတူတစ်စီးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အရူရှာ၊ တန်ဇန်းနီးယား၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တန်ဇန်းနီးယားနိုင်ငံ မြောက်ပိုင်း Ngorongoro သဘာဝပတ်ဝန်းကျင်းထိန်းသိမ်းရေးဧရိယာ အတွင်းရှိ Empakaai မီးတောင်ထိပ်ဝ အတွင်းသို့ နိုဝင်ဘာ ၁၅ ရက်က လေယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၁၁ဦးသေဆုံးခဲ့ကြောင်းသိရသည်။

အရူရှာဒေသရဲမှူး Charles Mkumbo က ယင်းလူ ၁၁ဦးသည် အရူရှာအပြည်ပြည်ဆိုင်ရာ လေဆိပ် မှ Serengeti အမျိုးသားသဘာဝဥယျာဉ်သို့ နိုဝင်ဘာ ၁၅ရက် နံနက်ပိုင်းတွင် ထွက်ခွာလာခဲ့ကြောင်း ပြောကြားခဲ့သည်။

ပျက်ကျသွားသော လေယာဉ်သည် Coastal Aviation မှပိုင်ဆိုင်သည့် Cassna Caravan အမျိုးအစားလေယာဉ်ဖြစ်ပြီး လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦး နှင့် ခရီးသည် ၁၁ဦးလိုက်ပါလာကြောင်း သိရသည်။

ယင်းဖြစ်စဉ်သည် တစ်လအတွင်း Coastal Aviation လေကြောင်းလိုင်းပါဝင်သည့် ဒုတိယအကြိမ်မြောက် မတော်တဆဖြစ်စဉ် တစ်ခုဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်တွင် အရူရှာလေဆိပ်မှ Serengeti အမျိုးသားသဘာဝဥယျာဉ်သို့ ပျံသန်းလာသော Coastal Aviation လေကြောင်းလိုင်းပိုင် လေယာဉ်ငယ်တစ်စီး သည် Lobo လေဆိပ်အနီး၌ပျက်ကျခဲ့ကြောင်း သိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.