Connect with us

Africa & Middle East

ဇင်ဘာဘွေတွင် စစ်တပ်က အစိုးရအာဏာ လွှဲယူ

ဇင်ဘာဘွေနိုင်ငံ ကာကွယ်ရေးဦးစီးဋ္ဌာန တပ်မှူး Constantino Chiwenga အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဟာရာရီ၊ နိုဝင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံတွင် အစိုးရအဖွဲ့အတွင်းရှိ ပုဂ္ဂိုလ်များက ဥပဒေညိစွန်းမှုများ လုပ်ဆောင်ခဲ့ပြီး နိုင်ငံအတွင်း မတည်မငြိမ်ဖြစ်စေသဖြင့် တိုင်းပြည်အာဏာကို ဇင်ဘာဘွေ စစ်တပ်က လွှဲယူလိုက်ပြီဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၄ ရက်က ဇင်ဘာဘွေ လက်နက်ကိုင် တပ်ဖွဲ့များ တပ်မှူး Constantino Chiwenga က ကြေညာချက် ထုတ်ပြန်ပြီးသည့်နောက် နောက်တစ်ဆင့် တက်လှမ်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဇင်ဘာဘွေနိုင်ငံ စစ်တပ် စစ်ဦးစီးချုပ် Sibusiso Moyo က နိုဝင်ဘာလ ၁၅ ရက် နံနက်ပိုင်းတွင် နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ပြောကြားခဲ့သည်။

“ပထမဦးစွာ ကျွန်တော်တို့ အခိုင်အမာ ပြောလိုတာကတော့ ဇင်ဘာဘွေ သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ မိသားစုတွေ ဘေးကင်းလုံခြုံစွာ ရှိပါတယ်။ သူတို့ရဲ့ လုံခြုံရေးကို အာမခံပါတယ်” ဟု Sibusiso Moyo က ပြောသည်။

၎င်းက ဆက်၍ “သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) ရဲ့ ပတ်ဝန်းကျင်က နိုင်ငံအတွင်း လူမှုရေးနဲ့ စီးပွားရေးတွေကို သက်ရောက်မှုရှိအောင် ပြစ်မှုတွေကို ကျူးလွန်နေတဲ့သူတွေကို တရားဥပဒေအရ အရေးယူဖို့ ကျွန်တော်တို့ ယခုလို လုပ်ဆောင်ရခြင်း ဖြစ်တယ်” ဟု ပြောကြားခဲ့ပြီး မူဂါဘီ မည်သည့်နေရာတွင် ရှိနေကြောင်းကို ထုတ်ဖော် ပြောကြားထားခြင်း မရှိပေ။

နိုင်ငံပိုင် ရုပ်မြင်သံကြားမှလည်း လွတ်မြောက်ရေး စစ်သီချင်းများအား နံနက် အစောပိုင်း တစ်လျှောက်လုံး ထုတ်လွှင့်လျက်ရှိကြောင်း၊ ယင်း အချက်က ဇင်ဘာဘွေ အသံလွှင့်ဋ္ဌာနအား စစ်တပ်က သိမ်းပိုက်ထားသည်ကို ပြသနေခြင်းလည်း ဖြစ်သည်။

ဇင်ဘာဘွေနိုင်ငံအတွင်ရှိ ဆင်ခြေဖုံးဒေသများတွင်း ပြည်သူများ ဖြည်းညင်းစွာ ဖြတ်သန်း သွားလာနေကြကြောင်း၊ မော်တော်ယာဉ်များလည်း Robert Gabriel အပြည်အပြည်ဆိုင်ရာ လေဆိပ်သို့ သွားရောက်လျက်ရှိကြောင်း၊ ဖြတ်သန်းသွားလာသူများအား စစ်သားများက စစ်ဆေးမှု ပြုလုပ်နေကြောင်း သိရသည်။

အစောပိုင်း သတင်းများအရ ဟာရာရီမြို့လယ်တွင် ပေါက်ကွဲသံများအား ကျယ်လောင်စွာ ကြားနေရကြောင်း၊ မူဂါဘီ၏ သီးသန့်နေအိမ်အနီး ယနေ့ (နိုဝင်ဘာလ ၁၅ ရက်) အစောပိုင်းက သေနတ်ပစ်သံများလည်း ကြားရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.