ကိုလံဘို ၊ ဇွန် ၆ ရက် (ဆင်ဟွာ) သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့အပြင်ဘက် Kosgama ရှိ စစ်စခန်း တစ်ခု မီးလောင်မှု ဖြစ်ပွားရာ တစ်ဦး သေဆုံးပြီး အနည်းဆုံး ၄၇ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း တာဝန်ရှိသူများက ဇွန်လ ၆ ရက်တွင် ပြောကြားသည်။...
ဘရက်ဆဲလ် ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ဘယ်လ်ဂျီယံ နိုင်ငံတွင် ဇွန်လ ၅ ရက် ညပိုင်းက ခရီးသည်တင် ရထားနှင့် ကုန်တင်ရထားတို့ရထားချင်း တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၃ ဦးသေဆုံးပြီး အခြား ၄ဝ ဦး ထိခိုက်ဒဏ်ရာ ရသွားကြောင်း အာဏာပိုင်များ၏...
နယူးဒေလီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ဇွန်လ ၅ ရက် နံနက်စောစောပိုင်းက အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို ့အဝေးပြေးလမ်းမဘေးရှိ ပေ ၂ဝ အနက် မြောင်းထဲသို့ဘတ်စ်ကားတစ်စီးထိုးဆင်းသွားရာ အနည်းဆုံး လူ ၁၇ ဦးသေဆုံးပြီး ၄ဝ ကျော် ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။
ကုလသမဂ္ဂ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကမ္ဘာ့လက်ဝှေ့ချန်ပီယံ(ဟောင်း) မိုဟာမက်အလီကွယ်လွန် သွားခြင်းအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဇွန် ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
နိုင်မီ ၊ ဇွန် ၅ ရက်(ဆင်ဟွာ) နိုက်ဂျီးရီးယားနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ဂျာနိုင်ငံ အရှေ့တောင်ပိုင်း Diffa ဒေသ Bosso မြို့၌ ဇွန်လ ၃ရက် ညပိုင်းက ဘိုကိုဟာရမ်အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် နိုင်ဂျာစစ်သား ၃ဝ ဦး နှင့် အရပ်သား ၂ ဦးသေဆုံးသွားကြောင်း ဇွန်၄...
ချီကာဂို ၊ ဇွန် ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ချီကာဂိုမြို့တွင် ၂ဝ၁၆ ခုနှစ် မေလအတွင်း လူသတ်မှုကြောင့် သေဆုံးသူပေါင်း ၆၆ ဦးထိရှိနေရာ ၎င်းအရေအတွက်သည် ၁၉၉၅ ခုနှစ်မှစတင်၍ ချီကာဂိုမြို့၌ လူအသေအပျောက်အများဆုံး မေလ အဖြစ် သို့ရောက်ရှိလာစေခဲ့သည်။ ၁၉၉၅ ခုနှစ် မေလတွင် ချီကာဂိုမြို့၌...
ကုလသမဂ္ဂ ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို ့၌ ကျင်းပမည့် ၂ဝ၁၆ ခုနှစ် အိုလံပစ် ပြိုင်ပွဲတွင် နိုင်ငံတကာ အိုလံပစ် ကော်မတီက ဒုက္ခသည်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဇွန်လ ၃...
ဆန်ဖရန်စစ္စကို၊ ဇွန် ၄ ရက် (ဆင်ဟွာ) Facebook မှ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများသည် Facebook၏ အမှုဆောင် အရာရှိချုပ် ဇူကာဘတ် အကြောင်း တစ်ခုခုကြောင့် ကုမ္ပဏီမှ ထွက်သွားပါက Facebook ၏ အဓိက ဆုံးဖြတ်ချက်များ လုပ်ဆောင်ရာတွင် ထိန်းချုပ်မှုများအား ဆက်လက် လုပ်ဆောင်ခြင်းမှ ကာကွယ်ရန်...
ထရီပိုလီ၊ ဇွန် ၄ ရက် (ဆင်ဟွာ) ဥရောပသို့ သွားရောက်ရာတွင် လှေနစ်မြုပ်ပြီးနောက် ရွှေ့ပြောင်းဒုက္ခသည် အနည်းဆုံး ၁၁၇ ဦး၏ ရုပ်အလောင်းများသည် လစ်ဗျားနိုင်ငံ အနောက်ဘက်ရှိ ဇွာရာမြို့၌ လာရောက် ကမ်းတင်နေကြောင်း လစ်ဗျား ရေတပ် ပြောရေးဆိုခွင့်ရှိသူက ဇွန်လ ၃ ရက်က ထုတ်ဖော် ပြောကြားလိုက်သည်။
လော့စ်အိန်ဂျလိစ် ၊ ဇွန် ၄ ရက် (ဆင်ဟွာ) အသက် ၇၄ နှစ်အရွယ်ရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ သုံးကြိမ် ဆုရှင် မိုဟာမက်အလီသည် အမေရိကန်ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနစ်ဆေးရုံ၌ ယနေ့တွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သိရသည်။