Connect with us

Europe

ပေါ်တူဂီနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၆၂ ဦးရှိ ၊ အစိုးရက အရေးပေါ်အခြေအနေ ကြေညာ

ပေါ်တူဂီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်ကျွမ်းမှု ကို မီးငြိမ်းသက်နေစဉ်(ဆင်ဟွာ)

လစ္စဘွန်း ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

ပေါ်တူဂီ နိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနမှ ပြည်နယ်အတွင်းရေးမှူး Jorge Gomes က ပေါ်တူဂီ နိုင်ငံ အလယ်ပိုင်း တွင် ဖြစ်ပွားခဲ့သည့် တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ၆၂ ဦး နှင့် ဒဏ်ရာရရှိသူ ၅၄ ဦးထိ ရှိလာသောကြောင့် အစိုးရမှ နိုင်ငံအား အရေးပေါ် အခြေအနေကြေညာခဲ့သည်ဟု ဇွန် ၁၈ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပြီး နိုင်ငံအတွင်း ဇွန်လ ၁၈ ရက်မှ စတင်ကာ ၃ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Gomes က သေဆုံးခဲ့သူ များထဲမှ ၁၈ ဦးသည် မိမိတို့၏ ကားအတွင်း သေဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ထွက်ပြေးနေစဉ်အတွင်း လမ်းမပေါ်တွင် ပိတ်မိ၍ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၊ ၃ ဦးမှာ မီးခိုးငွေ့များကြောင့် အသက်ရှူကြပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၊ ၂ ဦးမှာ ထွက်ပြေးစဉ်အတွင်း ယာဉ်မတော်တဆမှု ကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ၊ ယခုအခါ အချို့သော ဒဏ်ရာရရှိသူများကို နီးစပ်ရာ ဆေးရုံ သို့ ပို့ဆောင်ပေးခဲ့ကြောင်း ပြောကြား ခဲ့သည်။

ပေါ်တူဂီ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်ကျွမ်းမှု သည် နိုင်ငံအလယ်ပိုင်း Pedrogao Grande ဒေသတွင် ဖြစ်ပွား ခဲ့ပြီး ဒေသစံတော်ချိန် ၁၇ ရက်နေ့ နေ့လယ် ၃ နာရီ အချိန်ခန့်တွင် စတင်ခဲ့ခြင်း ဖြစ်သည်။တောမီး စတင်လောင်ကျွမ်းပြီးနောက် လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး ယခုအခါ မီးသက်တပ်ဖွဲ့ မှ မီးငြိမ်းသက်မှု ဆောင်ရွက်နေကြသည်။ ပေါ်တူဂီ နိုင်ငံ ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ တောမီးလောင်ကြွမ်းမှု သည် သစ်ပင်ကြီး တစ်ပင်အား မိုးကြိုး ပစ်မိရာမှ စတင်မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပေါ်တူဂီ နိုင်ငံ သမ္မတ Marcelo Rebelo de Sousa သည် ဇွန်လ ၁၇ ရက်နေ့ညပိုင်းတွင် မီးလောင်ကျွမ်းရာ နေရာသို့ သွားရောက်ခဲ့ပြီး သေဆုံးသူ နှင့် ဒဏ်ရာရရှိသူများ၏ မိသားစုများအား အားပေးစကားပြောကြားခဲ့သည်။ ပေါ်တူဂီ နိုင်ငံ ဝန်ကြီးချုပ် ကလည်း မီးလောင်ကျွမ်းရာ နေရာသို့ သွားရောက်ကာ မီးငြိမ်းသက်မှု ကို လမ်းညွှန်မှုပေးခဲ့ပြီး ယခုဖြစ်ပွား နေသည့် တောမီးလောင်မှုသည် လက်တလော နှစ်ပိုင်းအတွင်း ပေါ်တူဂီ နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် အဆိုးရွားဆုံးသော မီးလောင်ကျွမ်းမှု ဖြစ်ကြောင်း ပြောကြားခဲ့သည်။(Xinhua)