Connect with us

Latin America

ဘိုဂိုတာ ရှော့ပင်းမောလ် ပေါက်ကွဲမှုတွင် လူ ၃ ဦး သေဆုံး၊ ၉ ဦး ဒဏ်ရာရ

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ ဇွန်လ ၁၇ ရက်က ပေါက်ကွဲပြီးနောက် အန်ဒီနို ရှော့ပင်းမောလ် ရှေ့တွင် ရဲတပ်ဖွဲ့များအား တွေ့ရစဉ် (ဆင်ဟွာ)

ဘွန်ဂိုတာ၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ ရှော့ပင်းမောလ် တစ်ခုတွင် ဇွန်လ ၁၇ ရက်က ပေါက်ကွဲမှုကြီး တစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသမီး သုံးဦး သေဆုံးပြီး အခြားလူ ကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာ ဖော်ပြချက်အရ သိရသည်။

သေဆုံးသူများအနက် ဘိုဂိုတာတွင် လူမှုရေးလုပ်ငန်း လာရောက် လုပ်ကိုင်နေသူ အသက် ၂၃ နှစ်အရွယ် ပြင်သစ် အမျိုးသမီး တစ်ဦး ပါဝင်ကြောင်း သိရသည်။အဆိုပါ ပေါက်ကွဲမှုမှာ ဘိုဂိုတာမြို့ မြောက်ဘက်ရှိ အန်ဒီနို ရှော့ပင်းမောလ်၏ ဒုတိယထပ် ရေချိုးခန်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်များက ဆိုသည်။ယင်း ဖြစ်ရပ်သည် သူရဲဘောကြောင်သော အကြမ်းဖက် ဗုံးဖောက်ခွဲမှု ဖြစ်ကြောင်း ဘိုဂိုတာ မြို့တော်ဝန် Enrique Penalosa က တွစ်တာပေါ်၌ ရေးသားထားသည်။ကိုလံဘီယာ သမ္မတ Juan Manuek Santos ကလည်း ပေါက်ကွဲမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း တွစ်တာမှ တစ်ဆင့် ပြောကြားထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117